မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ နွေစပါး စံကွက်ရိတ်သိမ်း

မြို့သစ် ဇွန် ၂၈

မကွေးတိုင်းဒေသကြီး၊  မြို့သစ်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊  နွေစပါးအထွက်နှုန်း  စံကွက်ဧက ကွက်ကျယ်  ရိတ်သိမ်း ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ပုလင်းကြီး ကျေးရွာအုပ်စု၊ သီးပင်ကျေးရွာ ပုလင်း တမံဆည်ရေသောက် ကွင်းအမှတ်-၁၃၀၄၊ ဦးပိုင် ၅၉ တောင်သူ ဦးဇော်မိုးခိုင်၏ ရတနာတိုးစပါး ဧကစံပြ စိုက်ခင်း တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စိုက်ကွင်းသို့ မြို့သစ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းထက် အဖွဲ့ဝင် ဗိုလ်မှူး သီဟအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်း၊  လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူးဦးကျော်လွင်နှင့်ဝန်ထမ်းများ တောင်သူများတက်ရောက် ကြည့်ရှုကြပြီး တစ်ဧကအစိုအထွက်နှုန်း( ၁၀. ၂၈ ) တင်းနှုန်းထွက်ရှိခဲ့ကြောင်း  လက်ရှိကာလတွင် ဒေသပေါက်စျေး တစ်တင်းလျှင် ကျပ် ၅၃၀၀မှ ၅၅၀၀ အထိ အရောင်း အဝယ်ရှိပြီး မျိုးသန့်စပါးဆင့် ပွားထုတ်လုပ်သူများအနေဖြင့် တစ်တင်းလျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် တောင်သူ အချင်းချင်း မျိုးသန့် ဖလှယ်စနစ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။

မြို့သစ်မြို့နယ်တွင် ၂၀၂၁ ခုနှစ်  နွေရာသီတွင် အစိုးရဆည်တမံများဖြစ်သည့် ပုလင်း၊ စွန် ဆဒ္ဒန်ဆည်()ခုမှ   နွေစပါး စုစုပေါင်း (၈၀၇)ဧကနှင့်နွေနှမ်း (၆၀၀)ဧကကျော် စိုက်ပျိုးထားရှိပြီး မြို့ နယ် စိုက်ပျိုးရေးဦးစီးဌာနမှလည်း စိုက်ခင်း တောင်သူများနှင့်ပေါင်းစပ်၍ တစ်ဧကအထွက်နှုန်း တိုးတက်ရေး မိတ်ဖက်များကိုအခြေခံ၍ စိုက်ပျိုးနည်းစနစ် စံပြကွက်စိုက်ခင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

ဝင်းအိဇွန်