တနင်္သာရီ ဇွန် ၂၈
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ (လဝကမှူး) ဦးတင့်နိုင်နှင့် ဝန်ထမ်းများသည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး "ပန်းခင်းစီမံချက်ဖြင့်" နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများအား အပတ်စဉ်ကျေးရွာများသို့ ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ(၂၅ ရက်မှ ၂၇)ရက်အထိ (၃)ရက်တိတိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ချောင်းလမု ကျေးရွာအုပ်စု၊ ချောင်းလမုကျေးရွာ၊ ဓမ္မရက္ခိတဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း ၎င်းကျေးရွာ အုပ်စုမှ ကျေးရွာခွဲများရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြာများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကျေးရွာအရောက် ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ချောင်းလမုကျေးရွာအုပ်စုအတွင်း ကျေးရွာခွဲများမှ ပြည်သူများအား (၃)ရက် တိတိ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပြုလုပ်ပေးရာတွင် အသက်(၁၀)နှစ် ပြည့် နိုင်-၃(က) ကျား(၁၁) ဦး၊ မ(၈)ဦး၊ ပေါင်း(၁၉)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်-၆(က) ကျား(၃၉)ဦး၊ မ(၃၉)ဦး၊ ပေါင်း(၇၈)ဦး၊ အသက်(၁၀)နှစ်ပြည့်မှ အသက်(၁၈)နှစ်ပြည့် လဲလှယ်သူ ကျား(၁၁)ဦး၊ မ(၂၀)
ဦး၊ ပေါင်း(၃၁)ဦး၊ ပျက်စီး/ပျောက်ဆုံး၍ မိတ္တူထုတ်ပေးခြင်း ကျား(၃)ဦး၊ မ(၂)ဦး၊ ပေါင်း(၅) ဦး သို့ပါ၍ နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း(၁၃၃)ကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်း(၆၃)စုတို့ကို ပြုလုပ် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)