မြို့သစ် ဇွန် ၂၈
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ လမ်းများ တိုးတက်ကောင်းမွန်စေရေး၊ မြို့ပြဖွံ့ဖြိုးရေးနှင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများ သွားလာရေးအ ဆင်ပြေစေရန်အတွက် ကွန်ကရစ်လမ်းများခင်းခြင်း ၊ ရေနုတ်မြောင်းများ ဖော်ထုတ်ပြုပြင်ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာများ ခင်းခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြို့ သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀ - ၂၀၂၁ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၃ ဒသမ ဝဝ)သန်း ဖြင့်မြို့သစ် မြို့ ၊ ကွက်သစ်ရပ်ကွက် ၊ သရဖီလမ်းလမ်း အရှည်(၈၅၀)ပေ ၊ အ ကျယ်(၁၂) ပေ ၊ ထု(၉) လက်မရှိ ကတ္တရာထပ်ပိုးလွှာခင်းခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုအခါ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးကာ သွားရေးလာရေးအ ဆင်ပြေ ချောမွေ့တော့မည်ဖြစ်သည်။ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော သရဖီလမ်းကတ္တရာထပ်ပိုးလွှာခင်းခြင်းအပြင် ပိတောက်ရွှေဝါလမ်း ကတ္တ ရာထပ်ပိုးလွှာခင်းခြင်းနှင့် မြို့တွင်းရေစီးရေလာကောင်းမွန်စေရေး ရေဆိုးထုတ် အုတ်ရေမြောင်းများ လည်းဆောင်ရွက်လျက်ရှိကြောင်း မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ထံမှသိရသည်။
သန်းဝင်းထွန်း