အမြို့မြို့အနယ်နယ်သတင်းများ

Jun 27,2021
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ နမ္မတူမြို့နယ်၊ ချောင်းဆာကျေးရွာအုပ်စုအတွင်းရှိ မီးဘေး သင့်ပျက်စီးခဲ့သည့် လူနေအိမ် (၆၅) လုံးအတွက် ပြန်လည်ထူထောင်နိုင်ရေး ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က
Jun 27,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများအကြောင်းသိကောင်းစရာသင်တန်းပို့ချမှုကို ယမန်နေ့ နေ့လယ် ၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်သည်။
Jun 27,2021
ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်သစ်တောဦးစီးဌာန၏ဦးဆောင်မှုဖြင့် ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ သစ်ပင် စိုက်ပျိုးရေးနေ့အထိမ်းအမှတ် သစ်ပင်စုပေါင်းစိုက်ပျိုးခြင်းကို ယနေ့ နံနက်(၈)နာရီက ပူတာအိုမြို့ ဒုတ္ထန် ရပ်ကွက်ရှိ ရဝမ်အမျိုးသားဥယျာဉ်၌ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
Jun 27,2021
ကူးစက်မှုပြန်လည်ဖြစ်ပေါ်လာနေသည့် ကိုဗစ်၁၉ရောဂါ ပြည်တွင်းကူးစက်မှုအပြင် ပြည်ပမှ ကူးစက်မှုများမဖြစ်ပေါ်လာစေရေး ယမန်နေ့ညနေပိုင်းက တာဝန်ပြီးဆုံး၍ ပြည်ပမှ ပြန်လည်ဝင်ရောက် လာသည့်နေရပ်ပြန် မြန်မာ သင်္ဘောသားများအား ကော့သောင်းမြို့တွင် အသွားအလာ ကန့်သတ် စောင့်ကြည့်ထားရှိကြောင်းသိရသည်။
Jun 27,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံး လူရွေး ပြိုင်ပွဲကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြို့မအားကစားကွင်း၌ ဇွန်လ ၂၅ ရက်နေ့မှစကာ လူငယ်အားကစားအသင်း ၈ သင်းဖြင့် အုပ်စုခွဲ၍ ယှဉ်ပြိုင်ကစားခဲ့ရာ ယနေ့ မနက်ပိုင်း တွင် All In One(A) အသင်းနှင့် Grey Hounds အသင်းတို့ ဆီမီးဖိုင်နယ် ပွဲစဉ်ကို ယှဉ်ပြိုင် ကစားခဲ့ သည်။
Jun 27,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရန်နှင့်ကူးစက်မှုများမဖြစ်ပေါ်စေရန်အတွက် မြို့အဝင်၊ အထွက် ‌အလယ်ဈေးတံတား Check Point နှင့် ထမ္မရာဇ်ရပ်ကွက်၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးရှေ့ Check Point (၂)ခုဖွင့်လှစ်ပြီး ယနေ့ နံနက် ၈ နာရီကစတင်ကာ ကျန်းမာရေးစစ်ဆေးမှုများ၊ ကြိုတင်ကာကွယ် ရေး၊ အသိပညာပေးရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်ကာ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်လျက် ရှိသည်။
Jun 27,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်အတွင်း ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍ နှာခေါင်းစည်းအခု (၂၀၀၀)ကိုပြည်သူများ လက်ဝယ် အရောက် ယနေ့ နံနက် ၇ နာရီအချိန်က ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Jun 27,2021
လားရှိုးမြို့၌ ဇွန်လ(၂၆)ရက်နေ့အထိ ကိုဗစ်(၁၉) အတည်ပြုလူနာပေါင်း (၂၉၈)ဦးတွေ့ရှိထားပြီးဖြစ်ကြောင်းနှင့် စောင့်ကြည့်သတ်မှတ်ရက်ပြည့်၍ ဆေးရုံဆင်းသူ(၆၈)ဦးရှိကြောင်း ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် ကော်မတီထံကသိရှိရသည်။