ကျွန်းစု ဇွန် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အတွင်းရှိ ကာကွယ်ဆေး မထိုးနှံရသူများအား ဇွန်လ(၂၆)ရက်နေ့နှင့် (၂၇)ရက်နေ့က မြို့နယ်မိုးလုံ လေလုံ အားကစားခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေး ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံခြင်း မပြုရသေးသော ပညာရေးဝန်ထမ်း ဆရာ/မ များနှင့် ဝန်ထမ်းများ စုစုပေါင်း(၁၂၇)ဦးတို့အား ရောဂါကာကွယ်ဆေး(ပထမအကြိမ်) ထိုးနှံပေးခဲ့ကြ ကြောင်း၊ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ က လာရောက်ကြည့်ရှုခဲ့ကြသည်။
ကျွန်းစုမြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား လူဦးရေ(၃၀၀)ဦးစာအတွက် ဆေးအလုံး ရေ(၆၀၀)ခွဲတမ်းရရှိခဲ့ပြီး ကာကွယ်ဆေးထိုးနှံခြင်း မပြုရသေးသော ပညာရေးဝန်ထမ်း ဆရာ/မများနှင့် ဝန်ထမ်းများအား ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်