Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆင်ပေါင်ဝဲမြို့နယ်၊ အင်းမကျေးရွာတွင် ခဝဲစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ
Jun 28,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အင်းမကျေးရွာအတွင်းရှိ ဒေသခံတောင်သူများအနေ ဖြင့် မြေအောက်ရေကို စနစ်တကျ အသုံးပြု၍ ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို နွေ၊ မိုး၊ ဆောင်းရာသီမရွေး စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်တွင် ခဝဲသီးနှံစိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်းရရှိ၍ မိသားစုဝင်ငွေ ရရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမှ မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲပြုလုပ်
Jun 28,2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက အင်္ဂပူမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊ အုတ်ရှစ်ကုန်းကျေးရွာတွင် ပြုလုပ်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပ
Jun 28,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာပေချစ်မြတ်နိုးသူများ၏ စာဖတ်ဝိုင်းကျင်းပခြင်းကို ဇွန်(၂၆) ရက်နေ့ မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် စာရေးဆရာမောင်ဝံသ၏ ပထမတန်းစားနိုင်ငံ ပထမတန်းစားစိတ်ဓာတ် စာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ စစ်ကိုင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှူ့စစ်ဆေး
Jun 28,2021
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးများနှင့်အတူ ယမန်နေ့ နံနက်(၈)နာရီအချိန်က စစ်ကိုင်းမြို့နယ် မာလဲတောကျေးရွာရှိ မိုးပျံနဂါး ဘက်စုံ မွေးမြူရေးခြံသို့ ရောက်ရှိရာ တာဝန်ရှိသူများက နွား၊ ဝက်၊ ကြက်များမွေးမြူထားရှိမှု၊ ဒေသခံတောင်သူများ အလုပ် အကိုင်အခွင့်ရရှိမှု၊ လျှပ်စစ်မီးရရှိသုံးစွဲနေမှု၊ မွေးမြူရေးအတွက် ဆရာဝန်များခန့်ထားဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည် များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်တွင် မြို့နယ်ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း ယဉ်ကျေးလိမ္မာသင်တန်း (အငယ်တန်း)ဖွင့်ပွဲကျင်းပ
Jun 28,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်သံဃာ့နာယကအဖွဲ့ဦးဆောင်ပြီး မြို့နယ်ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း ယဉ်ကျေးလိမ္မာသင်တန်း (အငယ်တန်း)ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲက မုရစ်ကြီးကျေးရွာ မြစေတီဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် ကိုဗစ် -၁၉ အတည်ပြုလူနာ (၅) ဦးထပ်မံတွေ့ရှိ
Jun 28,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ (၅)ဦး ထပ်မံတွေ့ရှိခဲ့ ကြောင်းမြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
တမူးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၃၈)ဦး ထပ်မံစစ်ဆေးတွေ့ရှိ
Jun 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်း ယမန်နေ့က ကိုဗစ်-၁၉ ရောဂါဖြစ်ပွား သူများနှင့် ထိတွေ့ဆက်စပ်သူများ၊သံသယရှိ ပြည်သူ (၁၀၅)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ(Test Kit) ဖြင့်စစ်ဆေးခဲ့ရာ (၃၈)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jun 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ "ပန်းခင်းစီမံချက်"ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉နာရီ အချိန်ခန့်က ဝမ်လုံးကျေးရွာအုပ်စု၊ နားမွန်းကျေးရွာရှိ ကျေးရွာခန်းမဆောင်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26616
Page
26617
Page
26618
Page
26619
Current page
26620
Page
26621
Page
26622
Page
26623
Page
26624
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department