မိုင်းကိုင် ဇွန် ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဘောလုံးအသင်း ၈ သင်းဖြင့် မြို့မအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယမန်နေ့မွန်းလွဲ ၂ နာရီအချိန် က ဗိုလ်လုပွဲစဉ်ကို ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားကော်မတီဝင်များနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဗိုလ်လုပွဲတွင် All In One (B) အသင်းနှင့် Grey Hounds အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ All In One(B) အသင်းက ၄-၁ ဖြင့် အနိုင်ရဗိုလ်ဆွဲသွားခဲ့သဖြင့် ၂၀၂၁ ခုနှစ်၊ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား တံခွန်စိုက်ဒိုင်းဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ၂၀၂၁ ခုနှစ်၊ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ပထမဆုကို All In One (B) အသင်း၊ ဒုတိယဆုကို Grey Hounds အသင်း၊ ရှေ့တန်းအကောင်းဆုံးဆုကို ကောင်းထက်လင်း၊ အလယ်တန်းအကောင်းဆုံးဆုကို အောင်မိန်း၊ နောက်တန်းအကောင်းဆုံးဆုကို စွမ်ဆိုင်၊ ဂိုးသမားအကောင်းဆုံးဆုကို နော်ခေး၊ ပွဲစဉ်တလျောက်အကောင်းဆုံးဆုကို အောင်နိုင်တို့က ဆွတ်ခူးရရှိသွားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ မြို့နယ်အား/ကာကော်မတီ၊ ဒုတိယ ဥက္ကဋ္ဌ ဦးရဲသွေးကျော်၊ မြို့နယ်အား/ကာမှူး ဒေါ်ခင်သန်းစောနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)