အမြို့မြို့အနယ်နယ်သတင်းများ

Jun 28,2021
ရန်ကုန်တိုင်းဒေသကြီးတွင် ရိုးမရိပ်သာ ကိုဗစ်(၁၉) ကုသရေးဌာန၌ ကွာရန်တင်း၁၀၀၀၊ ကိုဗစ် (၁၉)ရောဂါ အတည်ပြုလူနာ ၅၇၆ဦးကို လက်ခံကုသပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မရမ်းကုန်း ကိုဗစ်(၁၉ )ရောဂါ ကုသရေးဌာန အင်းယားစင်တာ၌ ကိုဗစ်(၁၉)ရောဂါ အတည် ပြုလူနာ ၄၀၀၊MCC ကိုဗစ်(၁၉)ရောဂါ ကုသရေးဌာနတွင် ရောဂါအတည်ပြုလူနာ ၂၅၀တို့ကို လက်ခံကုသ ပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။
Jun 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး အတွက် နှာခေါင်းစည်း Mask များ မြို့မဈေးလမ်းဆုံ၌ ယနေ့နံနက် ၇ နာရီအချိန်ခန့်က အခမဲ့ဖြန့်ဝေပေးခဲ့ ကြသည်။
Jun 28,2021
မကွေးတိုင်းဒေသကြီး ၊မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။
Jun 28,2021
ကိုဗစ် -၁၉ ရောဂါသည် မြန်မာနိုင်ငံအတွင်းသို့ ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်ဖြစ်ပွားခဲ့ရာ ကိုဗစ် -၁၉ ပထမလှိုင်း၊ ဒုတိယလှိုင်းတို့ကို ပြည်သူများ ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပြီး ယခုအချိန်တွင် တစ်ကျော့ပြန် ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုများ ပြန်လည်ဖြစ်ပွားနေပြီး မျိုးဗီဇသစ် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပိုးများ မြန်မာနိုင်ငံအတွင်း
Jun 28,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံရှိ စောင့်ကြည့်ကုသရေးစင်တာတွင် နေရာ လိုအပ်ချက်အရ ကိုဗစ်−၁၉ အတည်ပြုလူနာများ စောင့်ကြည့်ကုသနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ကျိုက်မရောမြို့ရန်မျိုးအောင်ရပ်ကွက်ရှိ မြို့နယ် အားကစားခန်းမကိုအမျိူးသား ၁၀၀ ဦး၊ အမျိုးသမီး ၅၀ ဦးခန့်ထားရှိကုသနိုင်ရေးအတွက် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရန် အတွက် မြို့နယ်အဆင့် ကော်မတီက ဇွန်လ၂၇ ရက်နေ့မှစတင်ကာကြိုတင် ပြင်ဆင်ဆောင်ရွက် ထားရှိကြောင်းသိရသည်။
Jun 28,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည် ။
Jun 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရုံးက ယနေ့နံနက် ၉း၃၀ နာရီတွင် ရွှေတောင်မြို့ (အထက) ရွှေတောင်ရတနာခန်းမ၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 28,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးရန်ပုံငွေကျပ်(၉.၉)ကျပ်သန်းဖြင့် အမှတ်(၃) ရပ်ကွက်ကျောက်စိမ်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း​ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။