အမြို့မြို့အနယ်နယ်သတင်းများ

Jun 19,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက နမ့်လစ်ကျေးရွာအုပ်စု၊ တွံတီးကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jun 19,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်း ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ စီမံကိန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာပြည်သူလူထု ပူးပေါင်းမှုဖြင့် ဆောင်ရွက်လျက်ရှိရာ  ပဆွပ်​ကျေးရွာတွင်​ ကျေးရွာဖွံ့ဖြိုးတိုးတက်​ရေး လုပ်ငန်းစီမံကိန်းဖြင့်​ ဆောင်ရွက်ပြီးစီးခဲ့သည့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ယနေ့ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြသည်။
Jun 19,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်စုရှိ မြို့နယ်(၆)မြို့နယ်တွင် သင်ကြားရေး (အထက်တန်း/ အလယ်တန်း/ မူလတန်း) ဆရာ/ဆရာမများ ခန့်ထားနိုင်ရေးအတွက် မြိတ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း ကုမုဒြာအဆောင်တွင် ယနေ့ နံနက်(၉)နာရီက အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ကျင်းပခဲ့သည်။
Jun 19,2021
မန္တလေးတိုင်းဒေသကြီး၊   မြစ်သားမြို့နယ်    သပြေတောင်းကျေးရွာအုပ်စု၊  မြင်းခြံကုန်းကျေးရွာ ရှမ်းဗျက်ကုန်း ကျေးလက်ဒေသ ကုန်ထုတ်လမ်းဆောင်ရွက်နေမှုများအား ယနေ့နံနက် (၁၀) နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
Jun 19,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူးကျင်းပသော  ၂၀၂၁ ခုနှစ် အိုလံပစ်နေ့ အထိမ်းအမှတ်အားကစား ပြိုင်ပွဲများကို ယနေ့ နံနက်   ၉    နာရီမှစ၍ သတ်မှတ်ထားသော နေရာများတွင် ကျင်းပခဲ့သည်။
Jun 19,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် Covid-19 ကာလအတွင်း  မသန်စွမ်းသူများအတွက် နိုင်ငံတော်မှ ပေးအပ်သော ထောက်ပံ့ငွေများကို ဇွန် ၁၈ ရက်က နောင်ကျောကျေးရွာအုပ်စုနှင့် ပါလောပါကယ်ကျေးရွာအုပ်စုတို့ရှိ မသန်စွမ်းသူများထံသို့ အိမ်တိုင်ရာအရောက်ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
Jun 19,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီး မြို့နယ်အတွင်းရှိ ဟော်ခမ်း ဘုန်းတော် ကြီးကျောင်း၊ မြို့ဦးဘုန်းတော်ကြီးကျောင်း၊ (၂)မိုင်ဘုန်းတော်ကြီးကျောင်း၊  နောင်ဆွမ်းဘုန်းတော် ကြီးကျောင်း၊ နောင်ဝိုးဘုန်းတော်ကြီးကျောင်း၊ မင်္ဂလာရန်အောင်ကျောင်းတိုက်၊  ဆွန်မွန်းဘုန်းတော်
Jun 19,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP) အစီအစဉ်ဖြင့် တစ်အိမ်သုံးဆိုလာစနစ် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မုန်းလိုက်ကျေးရွာအုပ်စု နမ့်ဆီလင်းကျေးရွာ၌ ကျင်းပခဲ့သည်။