Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မလှိုင်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jun 19,2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်မှ ထမ္မကြီးကျေးရွာအုပ်စု၊ ဖက်ကုန်းကျေးရွာအုပ်စု၊ အိမ်ကြီးတောကျေးရွာ အုပ်စုများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်း ဆင်းဆောင်ရွက် ပေးလျက်ရှိရာ မိတ္ထီလာခရိုင် လဝက ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူးဦးဇော်ဝင်းမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးဌေးသန်း၊ ဦးကျော်ငြိမ်းနှင့်တာဝန်ရှိသူများ ယမန်နေ့က ထမ္မကြီးကျေးရွာသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ် မြင်းကကုန်းကျေးရွာအုပ်စုမှ လေဘေးသင့်ပြည်သူများအား မြို့နယ်ဘေးစီမံမှ ကူညီထောက်ပံ့
Jun 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာအုပ်စု၊ ခူလံ အနောက်ကျေးရွာတွင် ဇွန်(၁၇)ရက် ညနေ(၅)နာရီခန့်၌ မိုးသည်းထန်းစွာရွာသွန်း၍ လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံးပြိုကျပျက်စီးခဲ့သဖြင့် အဆိုပါဘေးသင့် မိသားစုဝင်များအား ယမန်နေ့ဇွန်(၁၈)ရက် ညနေ(၄)နာရီ၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Jun 19,2021
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထီးလင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jun 19,2021
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၆ နာရီက ထီးလင်းမြို့ လေယာဉ်ကွင်းဟောင်း(ယာယီ) ပျံကျဈေးနေရာ၌ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်
Jun 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မိုးရာသီကာလ၌ အဖြစ်များလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်ပွားစေနိုင်သော ခြင်များ မပေါက်ပွားနိုင်အောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jun 19,2021
မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့နှင့် ပူးပေါင်းကာ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီခွဲက စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် စပါးစီမံကိန်းသီးနှံ ဧက(၈၀၀)ခန့် ရေပေးနေသည့် သရက်ချိုမြောင်းအား ပြုပြင်ပေး
Jun 19,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနသည် စိုက်ပျိုးရေများ ပေးဝေရာတွင် ရေလေလွင့်ဆုံးရှုံးမှု နည်းပါးစေရေးအတွက် ရေပေးဝေမြောင်းများ၊ ရေပြွန်များ ပြုပြင်ပေးခြင်းနှင့် မြောင်းဘောင်နံရံများနှင့် ကြမ်းခင်းများအား ကျောက်ဆလံစီခြင်း၊ ကွန်ကရစ်လောင်းခြင်း၊ မြောင်းဘောင်လမ်းများပြုပြင်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စပါးစီမံကိန်းသီးနှံဧက(၈၀၀)ခန့် ရေပေးနေသည့် သရက်ချိုမြောင်းထိပ်ဝ ကျောက်ဆလံစီခြင်းနှင့် မြောင်းကြမ်းပြင် ကွန်ကရစ်လောင်းခြင်း လုပ်ငန်းများ (၅၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် Volunteer Training East Dagon Township သင်တန်း ဖွင့်လှစ်
Jun 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဒေသန္တရ ကျန်းမာရေးဌာနတွင် Volunteer Training East Dangon Township သင်တန်းကို ယမန်နေ့နံနက် (၁၀)နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26557
Page
26558
Page
26559
Page
26560
Current page
26561
Page
26562
Page
26563
Page
26564
Page
26565
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department