အမြို့မြို့အနယ်နယ်သတင်းများ

Jun 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Woman Club) အသင်းတို့ ပူးပေါင်း၍ မှိုင်း(ဆေး-၂)ရေးသားသည့် "အသီးအရွက် နီးလျက် မဝေးစေလို" စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့ နေ့လယ်(၂)နာရီက ပင်လည်ဘူးမြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ခိုမုန်းကျေးရွာအုပ်စု၊ အောင်မြေသာယာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ လူငယ်များစာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်နှင့် စာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jun 18,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ထုံးကျောက်များ ထွက်ရှိနိုင်မည့် ထုံးကျောက် တောင်များအား ကွင်းဆင်းလေ့လာရေးဆောင်ရွက်ကြမည့် ဘူမိဗေဒအဖွဲ့များ၏ ခရီးစဉ်အတွက် အုပ်ချုပ်/ ထောက်ပံ့မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Jun 18,2021
စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက်ဖူဆယ် အမျိုးသားဘော့လုံးပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲကို ဇွန်(၁၈)ရက်၊ မွန်းလွဲ(၁)နာရီက စစ်ကိုင်းနှစ်(၇၀၀) ကွင်းအတွင်းရှိ ဖူဆယ် အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 18,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ကျေးလက်နေပြည်သူများအား အခြေခံစက်ချုပ်သင်တန်း များကို သင်ကြားပို့ချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို အဆိုပါဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
Jun 18,2021
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၌ ပြည်သူများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မံစီမြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်း”စီမံချက်ဖြင့် ယနေ့ နံနက် ၉ နာရီက မံစီမြို့ ဂျိန်းဖော့မြေရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jun 18,2021
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ၁၀၀% ပြီးစီးခဲ့ပြီးဖြစ်သော ကျေးလက်ရေရရှိရေးလုပ်ငန်းများ၊ ကျေးလက်ကုန်ထုတ်လမ်းများ လွှဲပြောင်း ပေးအပ်ခြင်းနှင့် လှည့်ပတ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်ပို့ချခြင်း ယမန်နေ့ နံနက်(၁၁)နာရီအချိန်တွင် ပုသိမ်မြို့နယ် ရှိမြို့နယ်စုပေါင်းရုံးခန်းမတွင် ကျင်းပ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပုသိမ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ၊ သက်ဆိုင်ရာကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကျေးရွာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
Jun 18,2021
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၈)ရက်နေ့ ၊ နံနက်(၀၉၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ သမဝါယမသင်တန်း ကျောင်းရှိ COVID-19 Quarantine Center ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပုသိမ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်းမှ ကိုဗစ်-၁၉ ရောဂါ သံသယလူနာများ ထားရှိရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ သံသယလူနာများအတွက် နေထိုင်မှုအဆင်ပြေ ချောမွေ့စေရေးနှင့် အဆောက်အဦပတ်ဝန်း ကျင်သန့်ရှင်းရေးတို့အား အလေးထား ဆောင်ရွက်ထားရှိရန် မှာကြားခဲ့သည်။