အမြို့မြို့အနယ်နယ်သတင်းများ

Jun 20,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် အီးအမ်ဘိုကာရှီ သဘာဝမြေဆွေးပြုလုပ်နည်း လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် စံပြကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။
Jun 20,2021
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ၁၈-၆-၂၀၂၁ ရက်နေ့တွင်​ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၊ တောင်တွင်းကြီးမြို့နယ်၊ မင်းလှမြို့နယ်၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ရုံးများတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လည်းကောင်း၊ တောင်တွင်းကြီးမြို့၊ မင်းဘူးမြို့၊ ချောက်မြို့တို့ရှိ မြန်မာ့အသံ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့သည်။
Jun 20,2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးရဲတင့်သည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ဝန်ထမ်းများနှင့် ယမန်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ် အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Communty Centre ခန်းမတွင် တွေ့ဆုံခဲ့သည်။
Jun 19,2021
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဇေယျာသီရိမြို့နယ်ရှိ ဝါးလက်မှုလုပ်ငန်းနှင့် မျှစ်ခြောက်သိုလှောင်ရုံသို့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံက်ပိုင်းက  သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။                                                                          
Jun 19,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ရေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နေ့လယ် ၄ နာရီက သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။