ကျိုက်မရော ဇွန် ၂၁
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ကျိုက်မရော မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတို့ပူးပေါင်း၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (နတလ) အကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျိုက်မရောမြို့လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်ချို မြတ်မြတ်ထွေးက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး ကျိုက်မရောမြို့နယ်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိူးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ခင်မေစီက နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန (နတလ) ရုံး၏ ဖွဲစည်းပေါ်ပေါက် လာပုံနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် နယ်စပ်ဒေသများရှိ ပြည်သူလူထုများ အတွက် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဦးစားပေးဆောင်ရွက် နေမှုများ ကိုပြည်သူများ ဗဟုသုတတိုးပွားစေရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)