ဓနုဖြူ၌ TSDP အရ ကျင်းပပြုလုပ်သော အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဓနုဖြူ          ဇွန်           ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ မြို့နယ်အားကစားခန်းမတွင် ယနေ့ နံနက်(၁၀)နာရီ အချိန်က ၂၀၂၁ ခုနှစ်၊ ဓနုဖြူမြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(TSDP)အရ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း ခတ်ပြိုင်ပွဲနှင့် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့်မှ အဖွင့်အမှာစကားပြောကြား၍ အားကစားပြိုင်ပွဲ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။ စစ်ကြောင်းမှူးက ဦးဆောင်၍ အားကစားသမားများက အားကစားသစ္စာ အဓိဌာန် (၄)ချက် ရွတ်ခဲ့ပြီး ပြိုင်ပွဲဝင်အာကစားသမားများအား တာဝန်ရှိသူများက လိုက်လံနှုတ်ဆက်ခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသူများအား ရိုးရာခြင်းလုံး အလှခတ်ဖြင့် ဧည့်ခံဖျော်ဖြေခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ် အားကစားမှူး၊ နည်းပြနှင့်အသင်းအုပ်ချုပ်သူများ၊ အားကစားသမားများ တက်ရောက် ခဲ့ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)