ချောက်မြို့နယ်အတွင်း မိုးစတင်ရွာသွန်းပြီဖြစ်သဖြင့် မိုးသီးနှံများ စတင်စိုက်ပျိုး

ချောက် ဇွန် ၂၁

ကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် မိုးစတင်ရွာသွန်းသဖြင့် မြို့နယ်အတွင်းရှိ   ကျေးရွာ များမှ  တောင်သူများမှာ မိုးသီးနှံများစိုက်ပျိုးရန်စတင်၍ စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်ရောက် နေကြပြီဖြစ်ကြောင်း သိရသည်။

ချောက်မြို့နယ်တွင် ဇွန်လဆန်းပိုင်းလောက်က မိုးစတင်ရွာခဲ့သော်လည်း ရွာသွန်းသော မိုးရေသည် အငွေ့ပြန်ရုံသာဖြစ်၍ ယခုဇွန်လ(၁၈)၊ (၁၉)ရက်နေ့က ဆက်တိုက်ရွာသွန်းခဲ့မှု ကြောင့် မိုးမျှော်နေသည့် တောင်သူများအတွက် မိုးရွာသွန်းရက်နဲသော်လည်း ဆက်တိုက် မိုးသည်းစွာ ကြာရှည်ရွာသွန်းသဖြင့် မြေအစိုဓာတ်များရခြင်းကြောင့် ယာထွန်ခြင်း၊ မြေသြဇာ ဖြည့်သွင်းခြင်းနှင့် သီးနှံတချို့စ၍ စိုက်ပျိုးခြင်းများ ဆောင်ရွက်နေကြကြောင်း သိရသည်။

မချို(ချောက်)