သုံးခွမြို့နယ်တွင် "လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ် " အသိပညာပေး စာဖတ်ဝိုင်း ကျင်းပ

သုံးခွ  ဇွန် ၂၁

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိစေရန် ရည်ရွယ်၍  ယနေ့နံနက် ၁၀ နာရီက သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  "လူငယ်တွေလမ်းမမှားနှင့်  မူးယစ်ဆေးဝါးအန္တရာယ် " အသိပညာပေး စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

 

 ဇွန်လ (၂၆) ရက်နေ့တွင် ကျ‌ရောက်မည့် အပြည်ပြည်ဆိုင်ရာ မှုးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်‌ ရောင်း၀ယ်မှု တိုက်ဖျတ်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ထွေးက စာရေးဆရာ မောင်ကျေးဇူး၏ "လူငယ်‌ တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်"စာအုပ်ထဲမှ မူးယစ်ဆေးဝါး လွဲသုံးစား ဆုံးပါးအသက်တို" စာပိုဒ်ပါ အ‌ကြောင်းအရာများ၊ ကွမ်းစားခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့ကြောင့် ကျန်းမာရေး ထိခိုက်မှုများနှင့် မူးယစ်ဆေးဝါးအကြောင်းကို ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့‌နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးကြည်စိုးလွင်က "ယစ်မူးယွင်းဖောက် သေစာသောက် ရှက်ကြောက်ပျက်စီးကြောင်း" ပါအကြောင်းအရာများ ၊(Women Club) အဖွဲ့၀င်ဒေါ်ယဉ်ယဉ်အေး"  မူးယစ်ဆေးကို တိုက်ဖျက်ကြ အသက်ရှည်ဖို့အဓိက စာပိုဒ်ထဲရှိ မျက်မှောက်ခေတ်တွင် လူ့အသက်တိုစေသည့် အဓိက အကြောင်းတရားမှာ မူးယစ်ဆေးဝါး ဖြစ်ပါ‌ကြောင်း၊ ဘိန်းမည်း၊ ဘိန်းဖြူကို အမြဲသုံးစွဲ‌နေသူ၌ တွေ့ရ သော လက္ခဏာများအကြောင်းနှင့် Women club အဖွဲ့၀င် မတင်မေလွင်က မူးယစ်အန္တရာယ် ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျတ် လက်ချင်းဆက် စာပိုဒ်ပါ အကြောင်းအရာများထဲမှ စိတ်ပိုင်းဆိုင်ရာ  ထိခိုက်မှု၊ ခန္ဓကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ လူမှု‌ရေးဆိုင်ရာ ထိခိုက်မှု အ‌ကြောင်းအရာများကို အသိပညာပေး ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော  စာအုပ်စာစောင် ချစ်မြတ်နိုးသူများမှ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

 

ယင်းနောက် မြို့နယ်ရုံးမှ ပြသထားသော မှုးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး နံရံကပ်စာ‌ စောင်များအား တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရူ့ခဲ့ကြောင်း သိရသည်။