ကော့သောင်း ဇွန် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၈ နာရီက ကော့သောင်းမြို့၊ အကျဉ်းဦးစီးဌာန၊ ကော့သောင်းအကျဉ်းထောင်ဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအနေဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ကျင်းပ ခြင်းဖြစ်ပြီး သစ်ပင်စိုက်ပျိုးပွဲ၌ ပိတောက်၊ ကျွန်း၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ယူကလစ် စသည့် ပျိုးပင် များအား ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့မှူး ဦအောင်ငြိမ်းဦး ဦးဆောင်သည့် သန္ဓေတပ်ဖွဲ့ဝင်(၁၈)ဦး၊ ရပ်ကွက်အရံ မီးသတ်တပ်ဖွဲ့ဝင်(၁၃)ဦးနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် များက ပျိုးပင်များအားစုပေါင်း စိုက်ပျိုးပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးနိုင်ရေး မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ပျိုးပင်များ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး