အမြို့မြို့အနယ်နယ်သတင်းများ

Jun 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကျွန်းတောရပ်ကွက်တွင် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ပေးအပ်ခြင်း ကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံမှ သိရှိရသည်။
Jun 22,2021
၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၃၀၂) ညောင်ပင်သာ ကွင်း အတွင်း ကျင်းပပြုလုပ်ခဲ့သည်။ 
Jun 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ ပြည်သူလူထုများနှင့် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆိုးကျိုးများ၊ ရှောင်ရန်/ဆောင်ရန်များနှင့် မှတ်သားဖွယ်ရာ အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ကို ယနေ့ နံနက်(၉)နာရီအချိန်က အထကကျောင်းနှင့် စျေးများ၊ လမ်းသွားလမ်းလာများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Jun 22,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ သွားလာသူများ အား ယခုဝယ် ယခုတပ် စနစ်ဖြင့် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 22,2021
ပဲခူးတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၀-၂၀၂၁) ခု ဘဏ္ဍာ‌ရေးနှစ် တွင် အကောင်အထည်ဖော် ဆောင်ရွက်သော ပေါင်းချုပ် ကျေးရွာအုပ်စု၊ ညံ‌တောကြီးကျေးရွာ စက်ရေ တွင်း တွင်းနက်တူးဖော်ခြင်းလုပ်ငန်း အခြေအနေအား ယမန်နေ့ နံနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့​သည်။
Jun 22,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဌာနဆိုင်ရာများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်အတွက် လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် မြို့အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီ အချိန်ခန့်က ရှမ်းရွာသစ် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 22,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ဦးတင်ဦးသည် ယမန်နေ့ နေ့လယ်ပိုင်းက တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ ၍ ကျောက်တံခါးမြို့နယ် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။