အမြို့မြို့အနယ်နယ်သတင်းများ

Jun 22,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင်  ဇွန်လ ၂၁ ရက်နေ့က  ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ အမျိုးသား(၈)ဦး၊ အမျိုးသမီး (၁၁)ဦး၊ စုစုပေါင်း (၁၉)ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အစိုးရနည်းပညာ အထက်တန်းကျောင်း မြက်တိုရပ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပုသိမ်မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြခံလျှပ်စစ်သွယ်တန်းမှု နည်းပညာ သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပရာ အခမ်းအနားသို့ ပုသိမ်မြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်း၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနဝန်ထမ်းများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
Jun 22,2021
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မီးသတ်ဉီးစီးဌာနရှေ့၌ ကိုဗစ်-၁၉ ကူးစက်ပြန့်နှံ့မှု မရှိစေရေးအတွက် ကိုဗစ်-၁၉ရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မီးသတ်ဦးစီးဌာနရှေ့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် နေ့စဉ် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
Jun 22,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက် ၉ နာရီခွဲက ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲသူရိန်ခန်းမ၌ ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန် ထုတ်လုပ်မှုသင်တန်းအား တက်ရောက် ဖွင့်လှစ်ခဲ့သည်။
Jun 22,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက် နေလသုခဗိမ္မာန် (ဗြဟ္မဝိဟာရ(၄)ထပ်ဆောင်) ဓမ္မာရုံတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက ခရိုင်သာသနာရေးဦးစီးဌာနမှ ကြီးမှူးပြီး မြို့နယ်သံဃာနာယကဆရာတော်ကြီးများကြီးကြပ်မှုဖြင့် ၂၀၂၁ ခုနှစ်၊ (၂၈)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး(စုပေါင်းရုံး)အစည်းဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပုသိမ်မြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများပြားလာနေသည်ဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်ညွှန်ကြားချက်များအတိုင်း စည်းကမ်းတကျစျေးရောင်းချ ကြစေခြင်းအလို့ငှာ မြို့ပေါ်ရပ်ကွက်အသီးသီးမှ စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်များ ဖွင့်လှစ်ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များကိုခေါ်ယူ၍ ညှိနှိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်သည်။
Jun 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jun 22,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ရေစီးရေလာ ကောင်းမွန်ရေးအတွက် အားထားရသော ဘုရားကိုင်ချောင်းနှင့် မြိတ်တောင်ချောင်းတို့အား တိမ်ကောမှုမရှိစေရန် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ကုန်း/ရေနှစ်တန် သွားဘက်ဟိုး(မြေတူးယာဉ်)ဖြင့် ရန်ပုံငွေများလျာထားပြီး ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် တူးဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။