အမြို့မြို့အနယ်နယ်သတင်းများ

Jun 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံခြင်းလုပ်ငန်းများ ပြုလုပ်ပေးခဲ့ကြောင်းသိရှိရသည်။
Jun 22,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Jun 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၀:၀၀)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 22,2021
ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ်(၅)ရပ်ကွက် တောင်တန်းသာသနာပြုကျောင်းတွင် အစိုးရနိကာယ်(ဝိဒူတန်း) စာမေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
Jun 22,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကာလိမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀)နာရီ အချိန်က ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆေး နှင့် ဝန်ထမ်းများက စာသင်ကျောင်းများရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကာလိမြို့နေ ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jun 22,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်(၁၁)နာရီက နားခါရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဖြန့်ဝေပေး ခဲ့သည်။
Jun 22,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သော ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း နှင့် ကျေးရွာခန်းမဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းများမှာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ် ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Jun 22,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ မင်းကျောင်း ပထမပြန် စာသင်တိုက်တွင် (၁၃၈၃) စာသင်နှစ်အား ရှေးယခင်နှစ်များနည်းတူ ပြန်လည်ဖွင့်လှစ်ကာ စာသင်သား ရဟန်းနှင့် သာမဏေ သံဃာတော်များအား ဓမ္မာစရိယတန်းနှင့် ပါဠိပထမပြန်တန်း စာပေများအား သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။