အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း MASK များ အခမဲ့ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း များက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ မြို့မကျောင်းသို့ သွားရောက်၍ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Jun 23,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး အတွက် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်း သစ်ပင် စိုက်ပွဲတော်ကို ဇွန် ၂၂ ရက် ညနေ ၄ နာရီ အချိန် အဆိုပါ ရုံးဌာန အနီးတစ်ဝိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။
Jun 23,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ တောင်သူများသည် ဖီးကြမ်း ငှက်ပျော စိုက်ပျိုးရာတွင် အမြတ်များများကျန်ပြီး တွက်ခြေကိုက်သဖြင့် တစ်နိုင်တစ်ပိုင်မှ စီးပွါးဖြစ် စိုက်ပျိုးလာကြကြောင်း ကျောက်တန်းကျေးရွာ ငှက်ပျောစိုက် တောင်သူများထံမှ သိရသည်။
Jun 23,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (လိပ်သို) ကျောက်တိုင်ခြံခွဲမှ ကော်ဖီစိုက်တောင်သူများအတွက် ARABICA ကော်ဖီ နှင့် ROBUSTA  ကော်ဖီ စသည့် ကော်ဖီ ပျိုးပင်ပေါင်း တစ်သိန်းကို ပျိုးထောင်ထားရှိကြောင်း သိရသည်။
Jun 23,2021
မကွေးတိုင်းဒေသကြီး ၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် တွဲဖက်၍ မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိရာ အောင်မြင်မှုရရှိပြီး ရောင်းချရာတွင်လည်း ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေလျက် ရှိနေကြောင်း သိရသည်။
Jun 23,2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပညာရေးရန်ပုံငွေဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)တွင် (RC) ၃ ထပ် စာသင်ဆောင်သစ်ကို ဆောက်လုပ်လျက်ရှိရာ ယခုအခါ (၂၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)ကျောင်းအုပ်ထံမှ သိရသည်။
Jun 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ယခုနှစ် ၂၀၂၀ မိုးရာသီတွင် မိုးစပါး စိုက်ပျိုးရန် ဧက ၈၁၀၃၂ လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရှိရ သည်။
Jun 23,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသော ဆရာ/ဆရာမများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။