တွံတေး ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ယခုနှစ် ၂၀၂၀ မိုးရာသီတွင် မိုးစပါး စိုက်ပျိုးရန် ဧက ၈၁၀၃၂ လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရှိရ သည်။
တွံတေးမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် လျာထားချက်ပြည့်မီစွာ ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေး ဦးစီးဌာန၊ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် တာဝန်ရှိသူများက မိုးစပါးလျာထား စိုက်ပျိုးရန်အတွက် လယ်ယာမြေကြိုတင်ပြင်ဆင်ရေး၊ မိမိဒေသနှင့်ကိုက်ညီသော မျိုးစပါးနှင့် အထွတ် နှုန်းပိုသော မျိုးများ စိုက်ပျိုးနိုင်ရေး၊ ရေတော်မိုးတော် စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများအား အသိ ပညာပေးခြင်း ပိုးမွှားအန္တရာယ် ကင်းရှင်းစေရေး ကြိုတင်ပြင်ဆင်ထားရေး ကွင်းဆင်းအသိပညာပေး ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ယခုနှစ် မိုးစပါး စိုက်ပျိုးထုတ်လုပ်ရန် လျာထားချက်မှာ မီးဒုံး( ၄၄၂၁၁)ဧက၊ ငကျွဲ (၂၅၇၅၀) ဧက၊ ဆင်းသုခ (၅၂၅၀) ဧက၊ ရက် (၉၀) (၄၀၈၆) ဧက၊ ကောက်ညှင်း (၁၂၅၀) ဧက၊ နှံကား (၃၅၀) ဧက၊ ဧရာမင်း(၁၂၀)ဧက၊ မနောသုခ (၁၅) ဧက စုစုပေါင်း မိုးစပါး စိုက်ပျိုးရန် လျာထားဧက (၈၁၀၃၂) လျာထားကြောင်းနှင့် ယခင်နှစ်က မိုးစပါးစိုက်ဧက (၈၂၀၃၂) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကကို (၆၅.၂၃) တင်းနှုန်း ထွတ်ရှိကာ စပါးတင်းပေါင်း (၅၃၅၀၉၄၇.၃၆)တင်း ထွတ်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။