မောင်တော ဇွန် ၂၃
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး အတွက် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်း သစ်ပင် စိုက်ပွဲတော်ကို ဇွန် ၂၂ ရက် ညနေ ၄ နာရီ အချိန် အဆိုပါ ရုံးဌာန အနီးတစ်ဝိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်ဇင် ၊မြို့နယ်မီးသတ်ဦးစီးမှူး ဦး ထွန်းရွှေခိုင်တို့က မိုးရာသီသစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်များအား တပ်ဖွဲ့ဝင်မိသားစုဝင်များထံသို့ ပေးအပ်ရာ တာဝန် ရှိ သူများက လက်ခံရယူပြီး စုစုပေါင်း အင်အား ၄၀ ဦးခန့်က မဟော်ဂနီ ၁၀၀ ပင်၊ မန်ဂျန်ရှား ၁၀၀ ပင် အား သတ် မှတ် နေရာ အသီးသီးတွင် တပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး