ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (လိပ်သို) ကျောက်တိုင်ခြံခွဲမှ ကော်ဖီပျိုးပင်ပေါင်း တစ်သိန်း ပျိုးထောင်ထားရှိ

လိပ်သို  ဇွန်  ၂၃       

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (လိပ်သို) ကျောက်တိုင်ခြံခွဲမှ ကော်ဖီစိုက်တောင်သူများအတွက် ARABICA ကော်ဖီ နှင့် ROBUSTA  ကော်ဖီ စသည့် ကော်ဖီ ပျိုးပင်ပေါင်း တစ်သိန်းကို ပျိုးထောင်ထားရှိကြောင်း သိရသည်။

ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (လိပ်သို)  ကျောက်တိုင်ခြံခွဲ မှ ARABICA ကော်ဖီပင် (၆၀၀၀၀) နှင့်  ROBUSTA  ကော်ဖီပင် (၄၀၀၀၀)  စုစုပေါင်း ပျိုးပင်ပေါင်း (၁၀၀၀၀၀)  ကို စိုက်ပျိုးပြုစုထားရာ သံတောင်ကြီးမြို့နယ် ကော်ဖီစိုက်တောင်သူများအတွက် အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ကော်ဖီစိုက် တောင်သူများအား ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေးသင်တန်းများ ပို့ချလျက်ရှိရာ စိုက်ပျိုးနိုင်မှု အဆင့်မြှင့်တင်ခြင်း၊ အရည်အသွေး ကောင်းမွန်သည့်  မျိုးကောင်းမျိုးသန့်များ  ရွေးချယ်စိုက်ပျိုးခြင်း၊ ပင်အိုတက်သစ်မွေးမြူခြင်း၊ ကော်ဖီဆွတ်ခူးချိန် နည်းလမ်းမှန်ကန်စေရေး စသည့် နည်းပညာများအား ကော်ဖီ နည်းပညာ ဖွံ့ဖြိုးရေးခြံ (လိပ်သို) ကျောက်တိုင်ခြံခွဲမှ သင်တန်းများ ဆက်လက် ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)