အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2021
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုများပြားလာမှုကြောင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ကဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
Jun 23,2021
ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပေါင်းတည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် ပြည်ခရိုင်အတွင်းရှိ အခြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တို့သည် ယမန်နေ့ နံနက် ၁၀ နာရီက ပေါင်းတည်မြို့၊ ပျဉ်ပုံအုပ်စု၊ နတ်‌မှော်ရွာရှိ တိုင်းရင်းကြက်မွေးမြူရေးနှင့် ကြက်သားဖောက်ဖြန့်ချီရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jun 23,2021
ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးများ၊ အမှတ် (၂၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသို့ ဖြန့်ဝေပေးခဲ့ကြသည်။
Jun 23,2021
(၃၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် (၂၁)ရက် မွန်းလွဲ (၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jun 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁)၌ ဇွန် ၂၁ ရက်နေ့ မွန်းလွဲ (၂)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။
Jun 23,2021
ကရင်ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်း၍ ထာဝရ ငြိမ်းချမ်းရေး ရရှိသည်အထိ အတူတကွ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးပွားလာစေရန်နှင့် အပြန်အလှန် ယုံကြည်မှု၊ နားလည်မှု၊ စာနာမှုများ တိုးပွားလာစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ငြိမ်းချမ်းရေးဖလားချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၌ ကျင်းပခဲ့သည်။
Jun 23,2021
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့မအားကစားကွင်းရှိ မိုးလုံလေလုံအဆောက်အဦတွင် ပြုလုပ်ထားသည့် Quarantine Centre အား “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် ယနေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီမှကြီးကြပ်ကာ ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
Jun 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် အမှတ်(၅)ရပ်ကွက်   ကေဝလမာန်အောင် သျှမ်းကျောင်းတွင် (၁၇)ကြိမ်မြောက် ကွတ်ခိုင်မြို့နယ်လုံးဆိုင်ရာ ဝိနယဓမ္မာနုဂ္ဂဟ ပရိယတ္တိစာပြန်/ စာမေးပွဲတော်ကို ယနေ့နံနက်(၉)နာရီအချိန်က စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။