ဆင်ပေါင်ဝဲ ဇွန် ၂၃
မကွေးတိုင်းဒေသကြီး ၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် တွဲဖက်၍ မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိရာ အောင်မြင်မှုရရှိပြီး ရောင်းချရာတွင်လည်း ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေလျက် ရှိနေကြောင်း သိရသည်။
ဆိတ်မွေးမြူရေးလုပ်ငန်းသည် လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူနိုင်သည့်အတွက် အစာဖိုး ကုန်ကျစရိတ် သက်သာပြီး မွေးမြူရာတွင်လည်း ခြံဝင်းများခတ်၍ စနစ်တကျ မွေးမြူနိုင်သဖြင့် မွေးမြူလုပ်ကိုင်ရာ အဆင်ပြေ လျက်ရှိသည် ၊၊ ဆိတ်များသည် တစ်နှစ်လျှင် အနည်းဆုံး နှစ်ကောင်သားပေါက်လေ့ရှိပြီး အကျိုးဖြစ်ထွန်းပါက လေးကောင်အထိ ပေါက်ဖွားလေ့ရှိကြောင်း သိရသည်၊၊
'' ကျွန်တော်က စိုက်ပျိုးရေးလုပ်ငန်းနှင့် တွဲဖက်ပြီး မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လာတာ ( ၂ )နှစ်ရှိပါပြီ ဆိတ်မွေးမြူရေးလုပ်ငန်းက လွှတ်ကျောင်း စနစ် နဲ့မွေးမြူလုပ်ကိုင်နိုင်တဲ့အတွက် အစာဖိုး ကုန်ကျစရိတ်သက်သာလို့ အဆင်ပြေပါတယ်၊၊ ဒါပေမဲ့ ရာသီဉတုအပေါ် မူတည်ပြီးတော့ ဆိတ်ခြံတွေကို ပြောင်းရွှေ့လုပ်ကိုင်ရပါတယ် ၊၊ အဓိကတော့ ဆိတ်တွေ အစာရေစာပေါများတဲ့ နေရာတွေကို လွှတ်ကျောင်းနိုင်ဖို့အတွက်ပေါ့ ၊၊ ခုလက်ရှိ ဆိတ်မွေးမြူရေးဈေးကွက်မှာ ရောင်းတန်းဝင် ဆိတ်တစ် ကောင်ကို ငွေကျပ် တစ်သိန်းခွဲခန့် ရောင်းချရပါတယ်၊၊ ဆိတ်မွေးမြူရေးလုပ်ငန်းကို နိုင်ငံတော်ကလည်း ပြည်တွင်း ၊ ပြည်ပ ဈေးကွက်သို့ တရားဝင် လွတ်လပ်စွာ ရောင်းဝယ်ခွင့် ခွင့်ပြုပေးထားတဲ့အတွက် ရောင်းသူ၊ ဝယ်သူ အဆင်ပြေလို့ ကျွန်တော်တို့ ကျေးလက်နေတောင်သူများအတွက် စိုက်ပျိုးရေးလုပ်ငန်းနဲ့တွဲဖက်ပြီး တစ်ပိုင်တစ် နိုင် ဆိတ်မွေးမြူရေးလုပ်ငန်းဟာ မိသားစု အပိုဝင်ငွေရရှိလို့ လုပ်ငန်းအဆင်ပြေနေကြပါတယ်၊၊'' ဟု ဆင်ပေါင်ဝဲ မြို့နယ် ကျောက်ဖြူတောင်ကျေးရွာမှ ဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဦးစန်းထူးက ပြောသည်၊၊
ချိုချိုဝင်း