ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးရသေးသော ဆရာဆရာမများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်

 

ကြို့ပင်ကောက် ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသော ဆရာ/ဆရာမများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ကူးစက်ရောဂါ တိုက်ဖျက် ရေးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာမေဇော်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းတို့ ဆောင်ရွက်ပြီး တရုတ်နိုင်ငံ Synopharm ကုမ္ပဏီမှ ထုတ်လုပ်သော (Vero)SARS-CoV-2 Vaccine အားတစ်ဦးလျှင် (0.5ml)ကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာဆရာမ (၂၆၄) ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

တရုတ်နိုင်ငံ Synopharm ကုမ္ပဏီမှ ထုတ်လုပ်သော ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး (Vero)SARS-CoV-2 Vaccine ကို ကြို့ပင်ကောက်မြို့တွင် ပထမဆုံးအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း ဒုတိယအကြိမ်ထိုးနှံခြင်းကို ပထမအကြိမ်ဆေးထိုးပြီး ရက်သတ္တပတ်(၄)ပတ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

ဇေယျာထွန်း