အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)တွင် ဆောက်လုပ်လျက်ရှိသည့် RC (၃)ထပ် စာသင်ဆောင်တည် ဆောက်ရေးလုပ်ငန်း (၂၅) ရာခိုင်နှုန်းပြီးစီး

 

ဂန့်ဂေါ ဇွန် ၂၃

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပညာရေးရန်ပုံငွေဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)တွင် (RC) ၃ ထပ် စာသင်ဆောင်သစ်ကို ဆောက်လုပ်လျက်ရှိရာ ယခုအခါ (၂၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)ကျောင်းအုပ်ထံမှ သိရသည်။

 

တည်ဆောက်လျက်ရှိသော စာသင်ဆောင်သစ်မှာ (၁၉၂ x ၃၈)ပေ (RC) ၃ ထပ် စာသင်ဆောင် (ရေ၊ မီး၊ မိလ္လာ၊ Apron & Drain ရေလှောင်ကန် ၆၀၀၀ ဂါလံ)ပါဝင်သောအမျိုးအစားဖြစ်ပြီး ပညာရေး ရန်ပုံငွေ (၃၃၄.၆၂၀) သန်းဖြင့် တင်ဒါအောင်မြင်သော Zwe Ye Yint Co., Ltd မှ တာဝန်ယူကာ ၂၀၂၁ ခုနှစ် မေလမှစတင်၍ ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)တွင် (RC) ၃ ထပ် စာသင်ဆောင်သစ် ဆောက်လုပ် ခြင်းအား စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ရက်အတွင်းပြီးစီးရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် အရည်အသွေး စစ်ကော်မတီနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ထင်အောင်နိုင်(ဂန့်ဂေါ)