Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လေးမျက်နှာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်းများဖြန့်ဝေ
Jun 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် အောင်မင်္ဂလာဈေးနှင့်လမ်းဆုံလမ်းခွများတွင် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း (mask)ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 23,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ပြည်သူများ၊ ဌာနဆိုင်ရာများနှင့်အခြေခံပညာကျောင်းများသို့ သွားရောက်ကာ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 23,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု လျောနည်းစေရေး အတွက် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)ခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-ရောဂါကာကွယ်တားဆီးနိုင်ရေး Mask Campaign ပြုလုပ်
Jun 23,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်နေ ပြည်သူများကိုဗစ် ရောဂါကာကွယ်ရေးစည်းကမ်းလမ်းညွှန်ချက်နှင့် အညီ သွားလာနေထိုင်ရန်အတွက် အသိပညာပေးနှာခေါင်းစည်းတပ်ဆင်ရေးစည်းရုံးလှုံ့ဆော်မှု Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် (၈)နာရီက ချောင်းဆုံအရှေ့ရပ်ကွက် ကမ္ဘောဇဘဏ်ရှေ့လမ်းဆုံတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော်တွင် လားရှိုးမြို့မှ ပြန်လာသည့် အမျိုးသားတစ်ဦး ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ
Jun 23,2021
ချင်းရွှေဟော်မြို့၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သည့် အသက်(၂၃)နှစ်အရွယ်၊ အမျိုးသားတစ်ဉီးအား လားရှိုးမြို့မှ ပြန်လည်ရောက်ရှိလာကြောင်း သိရ၍ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်ပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးခဲ့ရာ ဇွန်လ၂၃ ရက်နေ့၊ နံနက်(၉)နာရီခွဲအချိန် စစ်ဆေးချက်အဖြေအရ Positive ထွက်ရှိ၍ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 23,2021
၂၀၂၁-ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အ.ထ.က (မြို့မ)နှင့် အ.ထ.က(ဇီးကုန်း) ကျောင်းများသို့ ယနေ့ နံနက် ၁၀ နာရီက သွားရောက် ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 23,2021
ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များကို နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ယနေ့ နံနက် ၉နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ရုံးပေါင်းစုံမှ ဌာနဆိုင်ရာတာဝန်ရှိသူများအား ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မဘိမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရန်အတွက် Mask Campaign ဆောင်ရွက်
Jun 23,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ်တားဆီးရန်အတွက် လမ်းသွား၊ လမ်းလာပြည်သူများအား Mask များ စနစ်တကျတပ်ဆင် သွားလာစေရေးနှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ Mask Campaign ကို ယနေ့ နံနက် ၆ နာရီက မြို့အဝင်စစ်ဆေးဂိတ်နှင့် ကုန်းခါးရပ်ကွက်၊ လမ်းဆုံပန်းခြံတို့၌ ဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26498
Page
26499
Page
26500
Page
26501
Current page
26502
Page
26503
Page
26504
Page
26505
Page
26506
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department