လှိုင်းဘွဲမြို့နယ်၌ စူဠဆုနှင်းသဘင်ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

လှိုင်းဘွဲ   ဇွန် ၂၃

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စူဠဆုနှင်းသဘင် ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လည် (၁၂)နာရီ အချိန်က မြို့မပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နာမောတဿသုံးကြိမ် ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး  ရ/သုံးငွေစာရင်းများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဉဒေါင်းကျောင်းဆရာတော် ခန္တီဝဏ္ဏ ထံ ငါးပါးသီလခံယူခြင်း၊ပရိတ်တရားတော်များ ချီးမြှင့်ခြင်းတို့ကို မြွက်ကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းက သာသနာရေးရာ လျှောက်ထားလွှာကို ဖတ်ကြားခဲ့သည်။

ဆက်လက်၍ စာအောင်သံဃာ ပထမအကြီးတန်းတွင်(၃)ပါး၊ ပထမအလတ်တန်းတွင်(၂)ပါး၊ ပထမအငယ်တန်း တွင်(၁၀)ပါးနှင့်အခြေပြုမူလတန်းတွင် (၁၈)ပါးတို့ကို ထေရုပတ္တိဖတ်ကြားပူးဇော် ခြင်းနှင့် အောင်လက်မှတ် ပေးအပ်ခဲ့ပြီး အနုမောဓနာ တရားနာကြားခြင်း၊ လှူဖွယ်ဝတ္ထုများလှူဒါန်း ခြင်းနှင့်ရေစက်သွန်းချအမျှဝေခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အကျိုးဆောင် ဆရာတော်ကြီးများ၊ စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)