အမြို့မြို့အနယ်နယ်သတင်းများ

Jul 08,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ပေါ်ရှိ စားသောက်ဆိုင်များအား လတ်တလောကူးစက်ဖြစ်ပွား လျှက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေး ဖြစ်ပေါ်စေနိုင်သည့် ဆိုင်ထိုင်စားသောက်မှုစနစ်ဖြင့် ဖွင့်လှစ်ရောင်းချခြင်းမပြုဘဲ ကျန်းမာရေးဌာနမှ သတ်မှတ်ပြဌာန်းထားသည့် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ (Take Way) ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန် သက်ဆိုင်ရာမှ ညွှန်ကြားထားကြောင်း သိရသည်။
Jul 08,2021
ဟိုပန်မြို့ဝင်စစ်ဆေးရေးဂိတ်အနီးတွင် ထားရှိမည့် Quarantine Centre အား “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက် (၁၀)နာရီအချိန် က ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
Jul 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများ အား ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် RDT Testkit ဖြင့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးရာ ရောဂါပိုးမတွေ့ရှိကြောင်းသိရသည်။
Jul 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မြို့ပြပြောက်ကျားလက်စွဲ အကျဉ်းချုပ် ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jul 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသား(ဖူဆယ်) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီ က မြို့မအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jul 08,2021
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ အသိ ပညာပေး ဆော်ဩဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
Jul 08,2021
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ လက်ရှိအခြေအနေအရ တတိယလှိုင်း အသွင်စတင်ဖြစ်ပွားနေသည်ဟု သုံးသပ်ရပြီး ရောဂါထိန်းချုပ်ခြင်း၊ ကာကွယ်ကုသခြင်းလုပ်ငန်း ပိုမို ထိရောက်စွာဆောင်ရွက်သွားနိုင်ရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မြို့မဈေး၌ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့မှ ပူးပေါင်း၍ ပိုးသတ်ဆေးဖြန်းခြင်းကို ယနေ့နေ့လည် ၂ နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။