Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိ
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရန်/ ရှောင်ရန်များအား ယမန်နေ့ညနေ ၆ နာရီအချိန်က မြို့နယ်အတွင်းသို့ လိုက်လံကြေညာပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့၌ Stay at Home မြို့နယ်များမှပြန်လာသူများအား အသွားအလာကန့်သတ်ထားရှိရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်အတွင်းသို့ Stay at Home မြို့နယ်များမှ ပြန်လာသူများအား အသွားအလာကန့်သတ် ထားရှိနိုင်ရန်အတွက် သဲကုန်းမြို့နယ်၊ ရွာသစ်အုပ်စုရှိတောင်နဝင်းကြားဖြတ်စခန်းနားနေဆောင်ခန်းမအား ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းကို ယမန်နေ့က ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ ရွာသစ်ကျေးရွာနှင့်ကြို့ပင်သာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များမှပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask များ အခမဲ့ဖြန့်ဝေပေး
Jul 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများ နှာခေါင်းစည်း (Mask)တပ်ပြီး သွားလာကြရန် အသိပညာပေးပြီး Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန် က နမ့်မိန်ချောင်းတံတားလမ်းဆုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Quarantine Center များကို ကြီးကြပ်ထောက်ပံ့ရေးအဖွဲ့များဖြင့် နေ့စဉ် ကွင်းဆင်းစစ်ဆေး
Jul 09,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ Community Based Facility Quarantine Center များအဖြစ် မြို့နယ်ခန်းမ၊ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၊ မိုင်းကိုင်တည်းခိုခန်း(၂) တို့ တွင် သတ်မှတ်ထားရှိပြီး ရပ်ဝေးမှပြန်လည် ရောက်ရှိလာသူများ၊ သံသယဖြစ်သူများကို ထိန်းသိမ်း စောင့်ကြည့်နိုင်ရန်အတွက် ဖွင့်လှစ်ထားရှိပြီး လုပ်ငန်းများ ထိရောက်အောင်မြင်စေရေးအတွက် ကြီးကြပ်ထောက်ပံ့ရေးအဖွဲ့များဖြင့် နေ့စဉ်ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၁၀ ဦး စစ်ဆေးတွေ့ရှိ
Jul 09,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်ပိုင်းမှ ညနေ ၆နာရီအထိ RDT Test kit စစ်ဆေးမှုအရ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၅ ဦး စုစုပေါင်း ၁၀ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၄) ဦး ထပ်မံ တွေ့ရှိခဲ့၍ စုစုပေါင်းအတည်ပြု လူနာ(၄၄)ဦး ထိရှိလာ
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၄) ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့တွင် မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေမှုအားကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ် ပြည်သူ့အားကစားကွင်း အတွင်း မိုးလုံလေလုံ အားကစားရုံတည်ဆောက်နေမှု အခြေအနေအား မြို့နယ်အရည်အသွေး ထိန်းချုပ်ရေးနှင့် အပြီးသတ်လက်ခံရေး ကော်မတီအဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်း က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများနှင့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Jul 09,2021
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ မြန်အောင်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသော ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများကို ယနေ့နံနက်က ကိုဗစ် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26422
Page
26423
Page
26424
Page
26425
Current page
26426
Page
26427
Page
26428
Page
26429
Page
26430
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department