ဟိုပန် ဇူလိုင် ၈
ဟိုပန်မြို့ဝင်စစ်ဆေးရေးဂိတ်အနီးတွင် ထားရှိမည့် Quarantine Centre အား “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက် (၁၀)နာရီအချိန် က ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
အဆိုပါ Quarantine Centre တွင် ရောဂါဖြစ်ပွားရာဒေသမှ ပြန်လာသည့်သူများကိုထားရှိ၍ စောင့်ကြည့်စစ်ဆေးမှုများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ရောဂါဖြစ်ပွားခြင်းမရှိမှသာ ဟိုပန်မြို့ တွင်းသို့ ဝင်ခွင့်ပြုမည်ဖြစ်သည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့ခြင်းမှ ကြိုတင် ကာကွယ်တာဆီးရန်အတွက် ဟိုပန်မြို့တွင်းသို့ ဝင်ရောက်ခြင်းကို ဇူလိုင်လ (၉) ရက်နေ့မှ (၁၅) ရက်နေ့အထိ ပိတ်ပင်ထားမည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှု မပျက်တောက်စေရေးအတွက် ကုန်တင်ယာဉ်၊ စားသောက်ကုန်ပစ္စည်းယာဉ်များကို လိုအပ်သောကျန်းမာရေးစစ်ဆေးမှုများပြုလုပ် ၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၂)ဦးသာ ပါရှိရမည်ဖြစ်ပြီး အဆိုပါကားများသည် ဟိုပန် မြို့နယ်အတွင်းရှိ ယာဉ်မောင်းများနှင့်လူချိန်းကာ မောင်းနှင်စေမည်ဖြစ်ကြောင်း၊ ဟိုပန်မြို့နယ် ပြင်ပသို့ မဖြစ်မနေသွားလာရမည်ဆိုပါက လိုအပ်သောစစ်ဆေးမှုများပြုလုပ်၍ ထွက်ခွာခွင့်ပြုမည် ဖြစ်ကြောင်းနှင့် ပြန်လည်ဝင်ရောက်ခွင့်အား ဇူလိုင်လ ၁၅ ရက်နေ့ နောက်ပိုင်းမှသာ ခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ခရိုင် (ပြန်/ဆက်)