အမြို့မြို့အနယ်နယ်သတင်းများ

Jul 09,2021
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ထွန်းလာရေးအတွက် အထောက်အကူပြုသည့် အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ( Green Growth ) သင်တန်းဖွင့်လှစ်ခြင်းကို  ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် ပန်းယျကျေးရွာ ရတနာမဉ္ဇူဘုရားဓမ္မာရုံ၌ ကျင်းပကြောင်းသိရသည် ။
Jul 09,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်မှ တောင်သူများသည်။ မိုးသီးနှံအဖြစ် မြေပဲ စိုက်ပျိုးရန် စိုက်ခင်းများအား နွားများ၊ လယ်ထွန်စက်များဖြင့် ထွန်ယက် လာကြကြောင်း ကြာကန်အုပ်စု ပေါက်ကုန်းကျေးရွာ တောင်သူများထံမှ သိရသည်။
Jul 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု များပြာလာသဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ မထွက်ရန်နှင့် အပြင်ထွက်သူတိုင်း Mask နှာခေါင်းစည်းအား စနစ်တကျ တပ်ဆင်သွားလာကြရန် လှုံဆော်ခြင်းနှင့် (အခမဲ့)ဖြန့်ဝေပေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသည်။
Jul 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ နောင်ကွမ်ဈေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း  Mask များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီက  ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jul 09,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံတွင် အနံ့မရရှိသဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိ Test Kit စစ်ဆေးရာ Covid-19 ရောဂါပိုး အတည်ပြုလူနာ (၄)ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။
Jul 09,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့၌ ယနေ့ နံနက် ၉ နာရီအချိန်က အပြင်ထွက်သည့်လူတိုင်း Mask တပ်ဆင်သွားလာစေရေ Mask Campaign ပြုလုပ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
Jul 09,2021
လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုနှုန်းတတိယလှိုင်းအဖြစ် အသွင်ပြောင်းလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပင်းတယမြို့ ယာယီဈေးနှင့် မြို့မဈေးအတွင်း၌ ယနေ့နံနက် ၁၀ နာရီအချိန် က မြို့နယ်အုပ်ချုပ်းရေးမှူးနှင့် တာဝန်ရှိသူများတို့က Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 09,2021
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ကိုဗစ်(၁၉) ရောဂါ ကာကွယ် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး အဆိုပါအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ (၈-၇-၂၀၂၁) ရက်နေ့မှ (၂၂-၇-၂၀၂၁) ရက်နေ့ထိ  မြို့နယ်အတွင်း နေထိုင်ကြသည့်  ဒေသခံပြည်သူများအနေဖြင့် မြို့အဝင် ကိုဗစ်(၁၉) ရောဂါ စစ်ဆေးရေးဂိတ်သို့ ဖြတ်သန်း၍ မြို့ပေါ်နှင့် ပတ်ဝန်းကျင် ကျေးရွာအသီးသီးသို့ သွားလာမည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ရပ်ကွက် ကျေးရွာ အုပ်စု အတွင်း နေထိုင်သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက် ပါရှိမှသာ ဖြတ်သန်းသွားလာခွင့် ပြုမည်ဖြစ်ပြီး ထောက်ခံချက်မပါလျှင် သတ်မှတ်နေရာတွင် Quarantine ဝင်ရောက်စေခြင်း (သို့မဟုတ်) ၎င်းဝင်ရောက်လာသည့် လမ်းကြောင်းအတိုင်း ပြန်လည်စေလွှတ်ခြင်းတို့ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။