အမြို့မြို့အနယ်နယ်သတင်းများ

Jul 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ဇူလိုင် လ(၈)ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ(၂၅)ဦး တွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်၊၊
Jul 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် မယ်ယန်းကျေးလက်ဈေးတွင် ဈေးသည် တစ်ဦး ယမန်နေ့ နေ့လည်က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် စည်ပင်သာယာရေးဌာန၊ ကြက်ခြေနီ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများပူးပေါင်း၍ ဈေးအတွင်း ဆေးဖျန်းခြင်းနှင့် အသွားအလာ ကန့်သတ် ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jul 09,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၀င် ပူးပေါင်းစစ်ဆေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် Mask Campaing ပြုလုပ်ခြင်း၊ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်းအား ယနေ့နံနက် ၉ နာရီ က စတင်၍ လိပ်သိုမြို့၀င် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၂)ဦးထပ်မံတွေ့ရှိကြောင်းသိရသည်။
Jul 09,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ်၊ မခန္တီးကျေးရွာအား ပထမဦးဆုံးအ‌နေဖြင့် အဝင်အထွက် (အသွားအလာ) ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထား‌‌ကြောင်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ ယမန့်နေ့ အမိန့်‌ကြေငြာ စာအမှတ်၊ (၁/၂၀၂၁) အရ ထုတ်ပြန်ကြေငြာသည်။
Jul 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၉)ရပ်ကွက်၌ Fever Clinic ကိုယ်ပူဖျားနာဆေးကုခန်းကို ယနေ့နံနက်ပိုင်း က ဖွင့်လှစ်ပြီး လိုအပ်သော ကျန်းမာရေးစစ်ဆေးပေးခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်ပေးနေကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တား ဆီးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များကို ယနေ့နံနက်ကမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် စည်ပင် သာယာရေးအဖွဲ့တို့မှ လိုက်လံစိုက်ထူခဲ့ကြောင်း သိရသည်။
Jul 09,2021
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အနေဖြင့် လူစည်ကားရာ နေရာများဖြစ်သည့် ပလိပ်လမ်းဆုံနှင့်ပလိပ်စျေးတို့တွင် ယနေ့နံနက်(၇)နာရီခွဲက နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။