အင်းစိန်မြို့နယ်တွင် ပထမအကြိမ် မဲစာရင်းကြေညာထားမှုအားတာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး

အင်းစိန် အောက်တိုဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကြေညာထားရှိမှုကို မဲစာရင်းမှန်ကန်စေရေးကိစ္စရပ်များနှင့်ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးကြသည်။                       

အဆိုပါပထမအကြိမ် မဲစာရင်းကပ်ထားကြေညာရာတွင် သက်ဆိုင်ရာရပ်ကွက်‌ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် ကပ်ထားကြေညာထားရှိမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိအမည် မပါဝင်ပါက ပုံစံ (၃) ဖြင့်လည်းကောင်း၊ ကန့်ကွက်လိုလျှင်ပုံစံ (၄) ဖြင့်လည်းကောင်း၊ အချက်အအလက်များ မှားယွင်းနေလျှင်ပုံစံ (၄-ဂ) ဖြင့်လည်းကောင်း၊ လျှောက်ထားနိုင်ကြောင်းနှင့် လိုအပ်သည်များကိုလည်းတာဝန်ရှိအကြီးကဲများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်တွင် ရပ်ကွက်(၂၁)ခုရှိရာ မဲဆန္ဒရှင်ပြည်သူများမှ  မိမိနာမည်ပါမပါနှင့်မဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် မဲပေးပိုင်ခွင့်များ ဆုံးရှုံးမှုမရှိစေရန်အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ ၂၀ ရက်နေ့အထိ ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)