နောင်တရားမြို့၌ အသက်(၆၅)နှစ်အထက်သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံ

နောင်တရား   ဩဂုတ်   ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အ.ထ.ကကျောင်း၌ နောင်တရားမြို့ အမှတ်(၁)၊(၂)(၃)ရပ်ကွက်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများကို ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထိုးနှံပေး လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ကာကွယ်ဆေး လုပ်ငန်းများကို ဦးစားပေး အစီအလိုက်ထိုးနှံပေးလျက်ရှိပြီး နောင်တရားမြို့၌ ရပ်ကွက် သုံးရပ်ကွက်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများနှင့် သံဃာတော်များကို ဇူလိုင်လ ၃၁ ရက်မှ စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ခွန်အောင်(နောင်တရား)