ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ လူနာ ၆ ဦး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ထပ်မံဆင်းခွင့်ပြု

ကျေးသီး   ဩဂုတ်   ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် တိုင်းရင်းဆေးရုံဝန်ထမ်းအိမ်ရာ Quarantine Center သီးသန့်ဆောင်တွင်  ထားရှိကုသပေးလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည် ပြု လူနာများထဲမှ  လူနာ(၆)ဦးမှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသည့်အတွက် ယနေ့နံနက် (၁၀)နာရီခန့်က ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက နေအိမ်အရောက်  ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူနာ (၆)ဦးသည် ဇူလိုင် ၂၂ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့သူများ ဖြစ်ပြီး  ကျေးသီးမြို့နယ် တိုင်းရင်းဆေးရုံဝန်ထမ်းအိမ်ယာ Quarantine Center  သီးသန့်ဆောင် တွင် (၁၀) ရက်ကြာဆေးကုသမှု ခံယူလျက်ရှိရာမှ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသည့် အတွက် ဆေးရုံမှဆင်းခွင့်ပြုခဲ့ခြင်း  ဖြစ်ကြောင်းသိရသည်။

မြို့နယ်ဆရာဝန်ကြီးက ဆေးရုံဆင်းခွင့်ရရှိသူများကို မိမိတို့၏နေအိမ်တွင် (၇)ရက် အသွားအလာ ကန့်သတ်ထားရှိပြီး သီးသန့်နေထိုင်ကြရန်၊ အိမ်အပြင်မထွက်ဘဲ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန် လိုအပ်ပါက ဖုန်းဖြင့်သာ ဆက်သွယ်မှု ပြုလုပ်ရန်၊ လူစုလူဝေးဖြင့် နေထိုင်ခြင်းမပြုရန်၊ လက်ကိုမကြာခဏဆေးကြောရန်နှင့် အခြားလိုအပ်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)