Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဂွမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အလှူငွေ(၁၂)သိန်း လှူဒါန်း
Aug 01,2021
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန်အတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှ စုပေါင်း၍ မြို့နယ်အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအဖွဲ့သို့ အလှူငွေကျပ်(၁၂)သိန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဏ္ဏားကျွန်းနယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinopharm) အား ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 01,2021
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုနှင့်အသက်(၆၅)နှစ် အထက် ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်း ကို ယမန်နေ့နံနက် ၉ နာရီမှ ၁၂ နာရီထိ၊ နေ့လယ် ၂ နာရီမှ ၄ နာရီအချိန်ထိ ပုဏ္ဏားကျွန်းမြို့၊ လောကမာရဇိန်ဘုရားကြီးသိမ်တော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့နယ်တွင် အသက်(၆၅)နှစ်အထက်ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Aug 01,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အသက်(၆၅)နှစ် အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို လိုက်လံ ကြည့်ရှုအားပေး
Aug 01,2021
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုများကို ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအား ပေးကြ သည်။
အပြည့်အစုံ ဖတ်ရန်
ကာကွယ်ဆေးထိုးလုပ်ငန်းများအား နေပြည်တော်ရှိ မြို့နယ် ၈ ခုလုံး တွင် ဆောင်ရွက်မည်
Aug 01,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဩဂုတ်လ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်သည်။ နေပြည်တော်အတွင်းရှိ မြို့နယ်အားလုံးတွင် နံနက် ၉ နာရီမှ ၁၂ နာရီထိတစ်ကြိမ်၊ နေ့လယ် ၁ နာရီမှ ၅ နာရီအထိတစ်ကြိမ် နေ့စဉ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ
Aug 01,2021
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ်ကင်းစင်ပပျောက်နိုင်ရေးအတွက် အသက် ၆၅ နှစ်အထက် ပြည်သူများအား ဦးစားပေးအဖြစ် ယမန်နေ့ နေ့လယ် ၁ နာရီတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ခန်းမ၌ စတင်ထိုးနှံ ပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး စတင်ထိုးနှံပေး
Aug 01,2021
ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်၌ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့မှစ၍ ထိုးနှံပေးလျက်ရှိကြောင်း ရန်ကင်းမြို့နယ်ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်အရေး ပေါ်တုံပြန်ရေးကော်မတီမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်မြို့၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုး/ဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံ
Aug 01,2021
ဟိုပန်မြို့၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုး/ဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဟိုပန်မြို့နယ် ကောင်းဟုန်းရပ်ကွက်ရှိ “ဝ”ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ဆောင်ရွက်ရာ ဟိုပန်မြို့ပေါ် (၁၀)ရပ်ကွက်မှ ဘိုး/ဘွားများက လာရောက်ထိုးနှံ့ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26275
Page
26276
Page
26277
Page
26278
Current page
26279
Page
26280
Page
26281
Page
26282
Page
26283
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department