သံတွဲ ဩဂုတ် ၁
သံတွဲခရိုင်၊ သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ဇူလိုင် ၃၁ ရက်နေ့ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁၂ နာရီခွဲအချိန်ထိ သီတဂူစက္ခုဒါမျက်စိဆေးရုံ၌ လူမျိုးဘာသာမရွေး ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ထိုသို့ထိုးနှံရာတွင် ပထမအကြိမ်ကာကွယ်ဆေးမထိုးနှံရသေးသူ နိုင်ငံ့ဝန်ထမ်း(၁၂)ဦး ၊ ဟိုတယ် ဝန်ထမ်း (၅၀)ဦး ၊ ဘိုးဘွားရိပ်သာရှိဘိုးဘွား(၂၁)ဦး ၊ သီလရှင်/ဘုန်းကြီး(၁၀)ပါး ၊ ပရဟိတ အဖွဲ့များ(၄၂)ဦး၊ ဈေးသည် (၃၃)ဦး ၊ နိုင်ငံ့ဝန်ထမ်းမိသားစု(၂၆)ဦး ၊ အချုပ်သား/ အကျဉ်းသား (၁၃)ဦး ၊ အသက် ၆၅နှစ်နှင့်အထက် (၇၅) ဦး စုစုပေါင်း (၂၈၂) ဦးတို့အား ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထုတ်လုပ်သော Sino pharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၂)ဦးထိုးနှံပေးလျက်ရှိကြောင်းနှင့်အဆိုပါ ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊လူမှုရေးအသင်းအဖွဲ့ဝင်များက ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်