Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အောက်ဆီဂျင်စက် ၀ယ်ယူရန်နှင့်လိုအပ်သောပစ္စည်းများ၀ယ်ယူရန် အလှူငွေများလှူဒါန်း
Aug 01,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံ တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် လိုအပ်သော အောက်ဆီဂျင်စက် ၀ယ်ယူရန်အလှူငွေများနှင့် လိုအပ်သည့်ပစ္စည်းများ၀ယ်ယူရန်အတွက် အလှူငွေများကို ယမန်နေ့မွန်းလွဲပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော့မြို့၌ Quarantine Centre အတွက် ရေမြုပ်မော်တာနှင့်စားသောက်ဖွယ်ရာများ ပေး အပ်လှူဒါန်း
Aug 01,2021
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊မချမ်းဘော့မြို့၌ Quarantine Centre အတွက် ရေမြုပ်မော်တာနှင့် အာဟာရဖြစ်စေသည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယမနေ့မွန်းလွဲ ၁ နာရီအချိန် မချမ်းဘော့မြို့ အခြေခံပညာအထက်တန်းကျောင်း Quarantine Centre တွင် ပေးအပ်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Aug 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့ပေါ်(၄)ရပ်ကွက်နှင့်ပန်စွဲ၊ နားစံ ကျေးရွာနေ အသက်၆၅နှစ်နှင့်အထက်ဘိုးဘွားများအားယနေ့ နံနက်(၉)နာရီအချိန်ခန့်မှစ၍ အမှတ်(၁)ရပ်ကွက်ရှိ တရုတ်ဘုံခန်းမ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Aug 01,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ် ကြီးရင့်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့တွင် ကိုဗစ်ပိုးတွေ့ရှိသူများအနက် ကျန်းမာရေးကောင်းမွန်သူ (၇၀)ဦး နေအိမ်ပြန်ခွင့်ရရှိ
Aug 01,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို ပြည်သူ့ဆေးရုံ၊ အမှတ်(၇) ရပ်ကွက် ပြည်တော်သာ အိုးအိမ်ဝန်ထမ်းအိမ်ရာသစ်၊ အ.ထ.က မင်းလှ မြို့ပြင်ကျောင်း၊ စစ်ကွင်းတိုက်နယ်ဆေးရုံ၊ အ.ထ.က စစ်ကွင်းကျောင်းတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကျန်းမာရေးကောင်းမွန်သူ (၇၀)ဦးကို နေအိမ်ပြန့်ခွင့်ပြုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ်အတွင်း ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးမည့် အစီအစဉ်နှင့်ပတ်သက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာ…
Aug 01,2021
မေး။ ။ မင်္ဂလာပါ ဒေါက်တာ သန်လျင်မြို့နယ်အတွင်းမှာ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်လေး သိချင်ပါတယ်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိသော နိုင်ငံ့ဝန်ထမ်းမိသားစုနှင့် အသက်(၆၅)နှစ်အထက်ရှိ ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
Aug 01,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိသော နိုင်ငံ့ဝန်ထမ်းမိသားစုနှင့် အသက်(၆၅)နှစ်အထက်ရှိ ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီခွဲက မြို့ပြည်သူ့ဆေးရုံးတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ မင်းဘူးမြို့ Oxygen Plant တည်ဆောက်မည့်မြေနေရာသို့ ကွင်းဆင်းကြည့်ရှုပြီး ဆေးရုံနှင့် ကိုဗစ်စင်တာများသို့ သွာ…
Aug 01,2021
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင်(၁) ဦးစိုင်းမြင့် အေး၊အဖွဲ့ဝင်(၅)ရဲမှူးကြီးလှိုင်တင့်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်တို့ လိုက်ပါကာ ယမန်နေ့မွန်းလွဲပိုင်းက မင်းဘူးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ရောက်ရှိပြီး Oxygen Plant တည်ဆောက်ရေး ကော်မတီဝင်များနှင့် တွေ့ဆုံ၍ Oxygen Plant တည်ဆောက်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများ မေးမြန်းကာ ကော်မတီဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ပြီး Oxygen Plant တည်ဆောက်မည့်မြေနေရာသို့ ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26272
Page
26273
Page
26274
Page
26275
Current page
26276
Page
26277
Page
26278
Page
26279
Page
26280
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department