မချမ်းဘော့ ဩဂုတ် ၁
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊မချမ်းဘော့မြို့၌ Quarantine Centre အတွက် ရေမြုပ်မော်တာနှင့် အာဟာရဖြစ်စေသည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယမနေ့မွန်းလွဲ ၁ နာရီအချိန် မချမ်းဘော့မြို့ အခြေခံပညာအထက်တန်းကျောင်း Quarantine Centre တွင် ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် မချမ်းဘော့မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ဝင်းလှိုင်က မချမ်းဘော့ မြို့အခြေခံပညာအထက်တန်းကျောင်း Quarantine Centre တွင်လိုအပ်သော ရေမြုပ်မော်တာတစ်လုံးအားပေး အပ်လှူဒါန်းခဲ့ပြီး မချမ်းဘောမြို့နယ်အတွင်း Quarantine ဝင်ရောက်နေသူများအား အာဟာရဖြစ်စေရန် အတွက် ကြာဇံကြော်နှင့်အသီးအနှံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)