Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ထန်းတပင်၌ ပြည်သူတစ်သောင်းနှစ်ထောင်ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်
Aug 01,2021
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသည့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို သြဂုတ်လ(၁)ရက်နေ့မှစတင်၍ သြဂုတ်လ(၁၀) ရက်နေ့အထိ ဆယ်ရက်တာကာလအတွင်း စုရပ်ခြောက်နေရာတို့တွင် ကာကွယ်ဆေးထိုးနှံ ပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံမည့် လူဦးရေအနေဖြင့် တစ်သောင်းနှစ်ထောင်ဦး ကိုကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း ထန်းတပင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်း စစ်တွေ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု ကြည့်ရှုအားပေး
Aug 01,2021
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို ပထမကြိမ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စစ်တွေမြို့၌ ကာကွယ်ဆေးထိုးနှံနေမှုအား သွားရောက်လှည့်လည် ကြည့်ရှုအားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့သို့ နေရပ်ပြန်အလုပ်သမားများ ရောက်ရှိ
Aug 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့သို့ တိုင်းဒေသကြီး၊ ပြည်နယ်များမှနေရပ်ပြန် အလုပ်သမားများသည် လာအိုနိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး ယမန်နေ့ ညနေ(၄)နာရီခွဲက တောင်ကြီးမြို့သစ်တောရပ်ကွက်ရှိ T.B.C ကားကြီးသို့တာချီလိတ်မြို့မှ မော်တော်ယာဉ်(၃)စီးဖြင့် နေရပ်ပြန်များ ရောက်ရှိလာကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နွားထိုးကြီးမြို့နယ်တွင် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ
Aug 01,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်၆၅နှစ်အထက် သက်ကြီးရွယ်အိုများအား ယမန်နေ့ မွန်းလွှဲ ၂နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့မဇုံအတွင်းရှိ ရပ်ကွက်(၈)ရပ်ကွက်အတွင်းရှိ သက်ကြီးရွယ်အိုများကို စတင်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် အသက်၆၅နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး ထိုးနှံပေး
Aug 01,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် လုပ်အားကြေးမုံခန်းမတွင် ယမန်နေ့မွန်းလွဲ(၁)နာရီခွဲအချိန်က ကိုဗစ်၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်၆၅နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို အားလူမျိုးဘာသာမရွေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရေဘေးသင့်သူ(၅၁၇)ဦးအတွက် စားရိက္ခာများ ထောက်ပံ့ပေးအပ်
Aug 01,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက် သဘာဝဘိုးဘွားရိပ်သာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဇူလိုင်လ (၂၇ ရက်နေ့မှ ၃၁ ရက်နေ့)အထိ တနင်္သာရီမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ရေကြီးနစ်မြုပ်မှု သဘာဝဘေးဖြစ်စဉ်ကြောင့် ကယ်ဆယ်ရေးစခန်း(၉)ခုနှင့် ကျေးရွာ(၄)ရွာတွင် နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ယာယီ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ရေဘေးသင့်အိမ်ထောင်စု(၁၀၂)စုမှလူဦးရေ အမျိုးသား(၂၅၃)ဦး၊ အမျိုးသမီး (၂၆၄)ဦး စုစုပေါင်း(၅၁၇)ဦးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကယ်ဆယ်ရေး ပစ္စည်း၊ စားရိက္ခာများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင်လ ၃၁ ရက် မွန်းလွဲ ၂ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ရေဘေးသင့်ပြည်သူများ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံ
Aug 01,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၌ မြို့မဇုန်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ် အိုများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ သတ်မှတ် ထုတ်ပြန်ထားသည့် ကူးစက်ရောဂါကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့၌ဩဂုတ်လ(၂)ရက်နေ့မှစ၍ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးသွားမည်
Aug 01,2021
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ပလောက်မြို့ အတွင်း ရှိပြည်သူများကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ဩဂုတ်လ (၂)ရက်နေ့ မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပလောက်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26268
Page
26269
Page
26270
Page
26271
Current page
26272
Page
26273
Page
26274
Page
26275
Page
26276
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department