ပင်လောင်း ဩဂုတ် ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံ တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် လိုအပ်သော အောက်ဆီဂျင်စက် ၀ယ်ယူရန်အလှူငွေများနှင့် လိုအပ်သည့်ပစ္စည်းများ၀ယ်ယူရန်အတွက် အလှူငွေများကို ယမန်နေ့မွန်းလွဲပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြသည်။
ဇူလိုင် ၃၀ရက်တွင်ကွယ်လွန်သူ ဦးသိန်း၀င်းအား ရည်စူး၍ ကိုကောင်းခန့်+မရူပါ သမီးလေး မကြာဖြူကောင်းခန့်မိသားစုမှ Yuwell 7L အောက်ဆီဂျင်စက်တစ်လုံး၊ အောက်ဆီဂျင်စက် ဝယ်ယူနိုင်ရန်နှင့်လိုအပ်သောပစ္စည်းများ၀ယ်ယူရန်အတွက်ပင်လောင်းမြို့ ကိုးခေါင်ရပ်ကွက် ဦးဇင်မင်းဦး+ဒေါ်နန်းဟိန်းခမ်းမိသားစု (သျှမ်းညီနောင်လက်ဖက်ခြောက်ရောင်း၀ယ်ရေး)မှ ငွေကျပ် ၁၀ သိန်းကို ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက် လှူဒါန်းကြသည်။
ဇူလိုင်၂၉ ရက်တွင် ပင်လောင်းမြို့ ဦးကျော်သူရ+ ဒေါ်ပုလဲဖြူ မိသားစု(Sky Mobile)မှ ငွေကျပ် တစ်သိန်း၊ ပင်လောင်းမြို့အရှေ့ရပ်ကွက်နေ ဦးစိုင်းခမ်းမွန်း+ ဒေါ်နန်းခင်ခင်ဦးမိသားစုမှ ငွေကျပ် ၅၀၀၀၀ိ/-၊ပင်လောင်းမြို့ အရှေ့ရပ်ကွက် ရှမ်းလူငယ်များအဖွဲ့မှ ငွေကျပ် ၅၀၀၀၀ိ/-၊နောင်တရား အ.ထ.ကမှ ဦးသိန်းနိုင်+ ဒေါ်သင်းသင်းဆွေမိသားစု ငွေကျပ် ၅၀၀၀၀ိ/-၊ပင်လောင်းမြို့ရင်းမှီးရပ်ကွက်နေ ဒေါက်တာအောင်မြင့်(သွားဆရာ၀န်)မှ ဓာတ်ခွဲခန်း၀န်ထမ်း များနှင့်Quarantine နေရာများတွင်တာ၀န်ထမ်းဆောင်နေသော ၀န်ထမ်းများအတွက် အလှူငွေကျပ်နှစ်သိန်းတို့ကို ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)