ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့တွင် ကိုဗစ်ပိုးတွေ့ရှိသူများအနက် ကျန်းမာရေးကောင်းမွန်သူ (၇၀)ဦး နေအိမ်ပြန်ခွင့်ရရှိ

မင်းလှ  ဩဂုတ် ၁

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို ပြည်သူ့ဆေးရုံ၊ အမှတ်(၇) ရပ်ကွက် ပြည်တော်သာ အိုးအိမ်ဝန်ထမ်းအိမ်ရာသစ်၊ အ.ထ.က မင်းလှ မြို့ပြင်ကျောင်း၊ စစ်ကွင်းတိုက်နယ်ဆေးရုံ၊ အ.ထ.က စစ်ကွင်းကျောင်းတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကျန်းမာရေးကောင်းမွန်သူ (၇၀)ဦးကို နေအိမ်ပြန့်ခွင့်ပြုခဲ့ကြောင်း သိရသည်။ 

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးသော နေရာများမှ မြို့နယ်ပြည်သူ့ဆေးရုံ၊ အမှတ်(၇) ရပ်ကွက် ပြည်တော်သာအိုးအိမ်ဝန်ထမ်းအိမ်ယာသစ်နှင့် အ.ထ.က(စစ်ကွင်း) ကျောင်းတို့မှ  ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ သူစုစုပေါင်း (၇၀)ဦးတို့ကို ကျန်းမာ‌ရေးဝန်ထမ်းများက ကျန်းမာရေးထောက်ခံချက် ဆေးလက်မှတ်များပေးအပ်ကာ မိမိတို့၏ နေအိမ်အသီး သီးသို့ပြန်ခွင့် ပြုခဲ့ပြီး ၎င်းတို့နေအိမ်တွင် (၇)ရက်ကြာနေထိုင်ရန်နှင့်ကျန်းမားရေးအသိ ပညာပေးစကားများ ပြောကြား‌ပေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ယနေ့ထိ ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း(၁၆၀၄) ဦး၊ ဆေးရုံဆင်းခွင့်ရသူ(၁၁၉၇) ဦးနှင့် သေဆုံးသူ(၄၆) ဦးရှိပြီး  (၃၆၁) ဦးကျန်ရှိ‌နေကြောင်း သိရသည်။

ပေါက်စ(မင်းလှ)