မိုင်းရှူးမြို့၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

မိုင်းရှူး    ဩဂုတ်   ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့ပေါ်(၄)ရပ်ကွက်နှင့်ပန်စွဲ၊ နားစံကျေးရွာနေ အသက်၆၅နှစ်နှင့်အထက်ဘိုးဘွားများအားယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်မှစ၍ အမှတ်(၁)ရပ်ကွက်ရှိ တရုတ်ဘုံခန်းမ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဝင်များက ကြပ်မတ်၍မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များက ကာကွယ်ဆေး လာရောက်ထိုးနှံ သော ဘိုးဘွားများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ ဆောင်ရွက်ပေးပြီးပုံမှန်အနေ အထားရှိမှသာ ကာကွယ်ဆေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)