Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တနင်္သာရီ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(၁၉၅၅)လုံး၊ လူဦးရေ(၃၉၁၀)အား (ပထမ)အကြိမ် အဖြစ် ထိုးနှံပေးပြီးဖြစ်
Aug 10,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသေးသည့် အသက်(၆၅)နှစ်နှင့်အထက် အသက်ကြီးအဘိုးအဘွားများ၊ ကျန်းမာရေးဝန် ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ သံဃာတော်နှင့် သာသနာအနွယ်ဝင်များနှင့် နိုင်ငံ ဝန်ထမ်းများ၊ ဈေးရောင်းသူများ၊ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ကိုင်သူများ၊ ယာဉ်မောင်းများ၊ ပုဂ္ဂလိကလုပ်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူများ၊ စားသောက်ဆိုင်လုပ်ကိုင်သူများ၊Taxi မောင်းနှင်သူများ စသဖြင့်ဦးတည်အုပ်စုများအဖြစ် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို (ပထမ)အကြိမ်အဖြစ် ၃၁-၇-၂၀၂၁ နေ့မှစ၍ ယနေ့ဩဂုတ်လ၉ ရက်နေ့အထိ(၁၀)ရက်တိတိ သတ်မှတ်ပေးထားသည့် ကာကွယ်ဆေးထိုးစုရပ်(၆)ခုအတွင်း ထိုးနှံပေး ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ဆေးရုံမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်ပေးရှူနေရသော လူနာ(၄)ဦးအတွက် အောက်ဆီဂျင်များပုံမှန်ရရှိရေးဆောင်ရွက်ပေး
Aug 10,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံအတွင်း ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုနှုန်းမြင့်တက်နေစဉ်ကာလ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ပြည်သူ့ဆေးရုံသီးသန့် လူနာ အဆောင်နှင့်တနင်္သာရီခန်းမ COVID-19 Positive Cemtre ၊ တနင်္သာရီတံတားစီမံကိန်း COVID-19 Positive Cemtre ခန်းမ၊ အထက-တနင်္သာရီ COVID-19 Positive Cemtre၊ အထက-ညောင်ပင်ကွင်းရွာ စသည့် စောင့်ကြည့်ကုသဌာနနှင့် စောင့်ကြည့်ဌာနများအတွင်း ဩဂုတ်လ ၉ ရက်နေ့ အထိ ဆေးဝါးကုသမှုခံယူနေသော ကိုဗစ်လူနာ(၁၂၄)ဦးအနက်မှ လူနာ(၄) ဦးမှာ အောက်ဆီဂျင်အရေးပေါ်ပေးရှူနေရသဖြင့် တစ်နေ့လျှင်(၄၀)လီတာဆံ့ အောက်ဆီဂျင် အိုး(၁၅)လုံး လိုအပ်လျက်ရှိနေရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း ထံက သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့အတွင်းရှိ ပရိယတ္တိစာသင်တိုက်တို့၌ ဆန် ၊ ဆီနှင့် ပဲများလှူဒါန်း
Aug 10,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကယား ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသည် လွိုင်ကော်မြို့ပေါ်ရှိ ပရိယတိ္တစာသင်တိုက်များသို့ ဆန် ၊ ဆီ နှင့် ပဲများကို ယမန့်နေ့ မွန်းလွဲပိုင်းက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခင်ဦးမြို့နယ်အတွင်းရှိ လူဦးရေ (၃၄၉၉) ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အောင်မြင်စွာထိုးနှံပြီးစီး
Aug 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် (၅) နေရာခွဲပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးခဲ့ရာ ယမန် နေ့က (၃၄၉၉) ဦးကို အောင်မြင်စွာ ထိုးနှံပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို ဆက်လက်ထိုးနှံပေး
Aug 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဩဂုတ် ၃ ရက်နေ့ နံနက် (၁၀)နာရီမှ စတင်၍ မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိုးနှံ ဆောင်ရွက်ပေး လျက်ရှိရာ ဩဂုတ် ၁၀ ရက်နေ့တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ကို ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွန်းဇံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အခမ်းအနားကျင်းပ
Aug 10,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်အတွင်းရှိသံဃာတော်များနှင့်သီလရှင်များအားကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေးများ ထိုးနှံပေး လျက်ရှိ
Aug 10,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ယနေ့ နံနက် (၉) နာရီ က မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့အတွင်းရှိ ပြည်သူများအား (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Aug 10,2021
ကရင်ပြည်နယ်၊ ဘားအံရိုင်၊လိပ်သိုမြို့အတွင်းရှိ အသက် (၆၅)နှစ် အထက် သက်ကြီးရွယ်အိုများ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများနှင့် ကျေးလက်နေပြည်သူများအား ကာကွယ်ဆေးထိုးနှံရန် လိပ်သိုမြို့ တိုက်နယ်ဆေးရုံ၌ သတ်မှတ်စုရပ်နေရာ ထားရှိပြီး လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းအား ယနေ့ နံနက် ၁၀ နာရီအချိန်က ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26187
Page
26188
Page
26189
Page
26190
Current page
26191
Page
26192
Page
26193
Page
26194
Page
26195
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department