တနင်္သာရီဩဂုတ်လ ၁၀
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံအတွင်း ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုနှုန်းမြင့်တက်နေစဉ်ကာလ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ပြည်သူ့ဆေးရုံသီးသန့် လူနာ အဆောင်နှင့်တနင်္သာရီခန်းမ COVID-19 Positive Cemtre ၊ တနင်္သာရီတံတားစီမံကိန်း COVID-19 Positive Cemtre ခန်းမ၊ အထက-တနင်္သာရီ COVID-19 Positive Cemtre၊ အထက-ညောင်ပင်ကွင်းရွာ စသည့် စောင့်ကြည့်ကုသဌာနနှင့် စောင့်ကြည့်ဌာနများအတွင်း ဩဂုတ်လ ၉ ရက်နေ့ အထိ ဆေးဝါးကုသမှုခံယူနေသော ကိုဗစ်လူနာ(၁၂၄)ဦးအနက်မှ လူနာ(၄) ဦးမှာ အောက်ဆီဂျင်အရေးပေါ်ပေးရှူနေရသဖြင့် တစ်နေ့လျှင်(၄၀)လီတာဆံ့ အောက်ဆီဂျင် အိုး(၁၅)လုံး လိုအပ်လျက်ရှိနေရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း ထံက သိရှိရသည်။
“မြို့နယ်ဆေးရုံစောင့်ကြည့်ကုသဌာနမှာဆိုရင် အောက်ဆီဂျင်ပေးနေရတဲ့ လူနာက(၄)ဦးရှိ နေပါ တယ်။ အောက်ဆီဂျင်သုံးစွဲတဲ့နေရာမှာကတော့ အောက်ဆီဂျင်ရှူရမဲ့ လူနာအရေအတွက်ပေါ် မှာမူတည်ပြီးတော့မှ အောက်ဆီဂျင်သုံးစွဲမှုပမာဏက ကျနော်တို့မြို့နယ်အနေနဲ့ တစ်နေ့ကို လီတာ (၄၀)ဆံ့ အောက်ဆီဂျင်အိုး(၁၅)လုံး အောက်ဆီဂျင်(၆၀၀)လီတာခန့် သုံးစွဲနေရပါတယ်။ အဲဒီလိုအောက်ဆီဂျင်ရရှိမှုကတော့ မြိတ်ခရိုင် ကိုဗစ်ကော်မတီက ညွှန်ကြားထားတဲ့အတိုင်းပဲ့ မြိတ်ခရိုင် မှာရှိနေတဲ့ ဂန္တမာအောက်ဆီဂျင်ထုတ်လုပ်တဲ့စက်ရုံမှာ ကျနေတို့က သွားရောက်ပြီး တော့ အောက် ဆီဂျင်တွေကို ဖြည့်တင်းရတဲ့အနေအထားဖြစ်ပါတယ်။
ဒီလုပ်ငန်း လေးတွေကတော့ ကျနော်တို့ကို ပရဟိတအဖွဲ့တွေက သူတို့အနေနဲ့ သူတို့ရဲ့စေတနာ အလျောက် ဒီအောက်ဆီဂျင်အိုးလေးတွေကို ကူညီပေးပြီးတော့ သယ်ဆောင်ဖြည့်တင်း ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးကြပါတယ်။ မြို့နယ် ထဲမှာလဲပဲ့ အောက်ဆီဂျင်လိုအပ်မှုနဲ့ ပတ်သက်ပြီး ကုန်ကျတဲ့ကုန်ကျစရိတ်တွေကိုတော့ တစ်ဖက် တစ်လမ်းကနေပြီးတော့ တစ်မြို့ လုံးမှာ ရှိနေတဲ့ မြို့သူ/မြို့သားတွေက အလှူရှင်တွေအနေနဲ့ ကျ နော်တို့ကို အလှူငွေတွေ ထည့်ဝင်ပေး တာတွေရှိပါတယ်ခင်ဗျာ့၊အခြားအခက်အခဲတော့မရှိပါဘူးလို့” မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေသော မြို့နယ်ကုသရေး နှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဆရာဝန်ကြီးဒေါက်တာအောင်သိုက်ထွန်း ထံကသိရှိရ ပါသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)