လိပ်သို ဩဂုတ် ၁၀
ကရင်ပြည်နယ်၊ ဘားအံရိုင်၊လိပ်သိုမြို့အတွင်းရှိ အသက် (၆၅)နှစ် အထက် သက်ကြီးရွယ်အိုများ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများနှင့် ကျေးလက်နေပြည်သူများအား ကာကွယ်ဆေးထိုးနှံရန် လိပ်သိုမြို့ တိုက်နယ်ဆေးရုံ၌ သတ်မှတ်စုရပ်နေရာ ထားရှိပြီး လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းအား ယနေ့ နံနက် ၁၀ နာရီအချိန်က ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးများအား အသက်(၆၅)နှစ်ထက် သက်ကြီးရွယ်အို အဘိုး/ အဘွား များ၊ မြို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှုနှင့် ကူးစက်ရောဂါကြောင့် သေဆုံးမှုနှုန်းလျော့ချနိုင်ရန်၊ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု အား ကြိုတင် ကာကွယ် တားဆီးလျော့ချနိုင်ရန်အတွက် (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေး ဆေးများအား သတ်မှတ်စုရပ်နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ ထို့နောက် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံကြ သည့် အသက် (၆၅) နှစ် အထက် သက်ကြီး ဘိုးဘွားများနှင့်ကျေးလက်နေပြည်သူများအား လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေအထားရောက်ရှိမှသာ (Sinopharm) ကိုဗစ် -၁၉ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့်အနားယူ စေခြင်းများအား ဆောင်ရွက်ပေးပြီး ကာကွယ်ဆေးထိုးရန်လာရောက်သည့် ပြည်သူများအား မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။ နွယ်နွယ်ခိုင် (ပြန်/ဆက်)
|