Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒလမြို့နယ်ရှိ ပြည်သူများ၏ သောက်သုံးရေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ရေသန့်စင်စက်ရုံ စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေ ရေသယ်ပိုက်လိုင်း သွယ်တန်းခြင်း ၇၀ ရ…
Aug 09,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ ဒေသခံပြည်သူများစွာတို့၏ သောက်သုံးရေ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည့် တစ်နေ့လျှင် သုံးရေဂါလန် ၃ ဒသမ ၃ သန်း နှင့် သောက်ရေဂါလန် ၆၆၀၀၀ ဖြန့်ဝေပေးနိုင်မည့် နိုင်ငံတကာအဆင့်မီ ရေသန့်စင်စက်ရုံ စီမံကိန်း အကြိုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဒလ-တွံတေး ကားလမ်းမကြီး တစ်လျှောက် အချင်း ၆၃၀ မီလီမီတာ (၂၄လက်မ)ရှိ HDPE Main Transmission ရေသယ်ပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများ အနေဖြင့် ၇၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးလျက်ရှိကြောင်း ဒလမြို့နယ် ရေရရှိရေးနှင့်ရေပေးဝေရေး လုပ်ငန်းတာဝန်ခံ အဖွဲ့မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးသုံး ပစ္စည်းများပေးအပ်လှူဒါန်း
Aug 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အောက်ဆီဂျင်အိုးနှင့် ကုသရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ (၂)နာရီအချိန်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းပြားမြိုနယ်တွင် ရဟန်းရှင်လူပြည်သူများအား (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Aug 09,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီး ရွယ်အိုများအား လတ်တလောအသက်ရှု လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သတ်မှတ်စုရပ်နေရာများထားရှိပြီး ယနေ့ နံနက် ၁၀ နာရီက အဆိုပါနေရာများ၌ မြို့နယ် ကျန်းမာရေး ဝန်ထမ်းများက (Sinopharm) ကိုဗစ်-၁၉ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်ရှိ မွေးမြူရေးလုပ်ငန်းများအား သွားရောက်ကွင်းဆင်းကြည့်ရှု
Aug 09,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲက သနပ်ပင်မြို့နယ်ရှိ မွေးမြူရေးလုပ်ငန်းများအား သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ရန် မြေနေရာရှင်းလင်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်
Aug 09,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်းလူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက်အခက်အခဲ မဖြစ်စေရေး အတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေး အသင်းနှင့် မြို့မိမြို့ဖများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ စကားဝါလမ်းထောင့်နှင့် အင်ကြင်းလမ်းထောင့်ရှိ မြေကွက်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် မြေနေရာရှင်းလင်းရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟုမ္မလင်းမြို့၌ အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်လျက်ရှိ
Aug 09,2021
မြို့နယ်လုံးဆိုင်ရာပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဉာဏိက သာသနာ့ ဇောတိက မြို့မကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ၏ သြဝါဒနှင့် ဟုမ္မလင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်း၏ လမ်းညွှန်ချက်တို့နှင့်အညီ မြို့နယ်အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ရေး ကော်မတီက ဟုမ္မလင်းမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံဆောက်လုပ်ရေးလုပ်ငန်းများကို ဇူလိုင် ၃၁ ရက်မှ စတင်ကာ ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း စစ်တွေမြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်ခံ အဆောက်အဦများနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံများသို့ သွားရောက်ကြည့်ရ…
Aug 09,2021
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေ မြို့နယ်အတွင်းရှိ မုန်းတိုင်းဒဏ်ခံ အဆောက်အဦများနှင့် ကယ်ဆယ်ပစ္စည်းသိုလှောင်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ မြို့နယ်အဆင့် ကော်မတီများ၊ စပါးစိုက်တောင်သူများ၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့်တွေ့ဆုံ
Aug 09,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲပိုင်းက အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ပွင့်ဖြူမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများအား ကြည့်ရှုအားပေးကာ အုပ်စုအလိုက် ထိုးနှံပေးရမည့်သူများ ကျန်ရှိမှုမရှိစေရေးနှင့် သတ်မှတ်ရက်အတွင်း ထိုးနှံပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ကာကွယ်ဆေးထိုးရန်လာရောက်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26191
Page
26192
Page
26193
Page
26194
Current page
26195
Page
26196
Page
26197
Page
26198
Page
26199
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department